ဂျပန် ဖူကူအိုကာမြို့က ဆေးရုံ မီးလောင်၊ အနည်ဆုံး ၁၀ ဦး သေ

ဂျပန်နိုင်ငံ အနောက်ပိုင်း ဖူကူအိုကာမြို့က ဆေးရုံတရုံမှာ ဒီနေ့နက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားပါတယ်။ အာဘေး အရိုးကုဆေးရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပြီးနောက် လူနာ ၈ ဦးနဲ့ ဆေးရုံဝန်ထမ်း ၂ ဦး သေဆုံးသွားပြီး လူ ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဂျပန်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ အထပ် ၄ ထပ် ရှိ ဆေးရုံမှာ မီးလောင်မှု ဖြစ်ပွားနေချိန်မှာ လူ ၁၈ ဦး ရှိနေတယ်လို့လည်း ဒေသမီဒီယာက ဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတုန်း ဖြစ်ပါတယ်။ အာဘေး အရိုးကုဆေးရုံမှာ အရိုးဆိုင်ရာ ကုသဖို့နဲ့ ပြန်လည်ထူထောင်ရေး ဌာနတွေအတွက် စုစုပေါင်း ကုတင် ၁၉ လုံး ရှိပါတယ်။

More News
Up