DVB Logo
Home
မြန်မာသတင်း
ဂျပန်သတင်းထောက် ၁ ဦး မြန်မာနိုင်ငံတွင် အဓမ္မ ဖမ်းဆီးခံရ
DVB
·
February 26, 2021
ဂျပန်သတင်းထောက်  ၁ ဦး မြန်မာနိုင်ငံတွင် အဓမ္မ ဖမ်းဆီးခံရ
1 / 2
Donate to DVB

ရန်ကုန်မြို့မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို သတင်းယူနေတဲ့ ဂျပန်နိုင်ငံသား သတင်းထောက် တစ်ယောက်ကို ရဲလုံခြုံရေးတပ်ဖွဲ့က  ဒီကနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်မှာ  ဖမ်းဆီးလိုက်ပါတယ်။

ဒီနေ့မနက် မြေနီကုန်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူထုကို  ရဲတပ်ဖွဲ့က  အဓမ္မဖမ်းဆီးနေတဲ့သတင်းကို ယူနေတဲ့ ဂျပန်လူမျိုး သတင်းထောက် Mr. Yuki Kitazumi ကို ရဲတွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ဂျပန်သတင်းထောက် တစ်ယောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာကို ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Mr Katsunobu Kato က ဒီနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုကြောင်းပြောကြားခဲ့ပါတယ်။

ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကကလည်း ဒီကိစ္စ အလျင်အမြန် လိုက်လံဆောင်ရွက်နေပါတယ်လို့ ဂျပန်သတင်းတွေမှာ ထုတ်လွှင့် ဖော်ပြပါတယ်။

ဇော်ဇော်လှိုင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013