ပခုက္ကူခရိုင် ကံမမြို့နယ် သာကြီးတောင်ရေနံမြေက CDM ဝန်ထမ်းအချို့ကို ဖေဖော်ဝါရီ ၂၁ ကစပြီး ခွင့်မဲ့ရက်အဖြစ် သတ်မှတ်လိုက်တယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သာကြီးတောင်ရေနံမြေ ထုပ်လုပ်ရေးဝန်ထမ်းတစ်ဦးက “ကျနော် အခုလေးမှသိရတာ ကျနော်တို့ သာကြီးတောင်မှာ နေခဲ့တဲ့ ဒုအင်ဂျင်နီယာတစ်ယောက်ဆီက သိရတာ။ ကျနော်က ထုပ်လုပ်ရေးကဆိုတော့ တစ်ခြားအဖွဲ့တွေ မသိဘူး၊ ဌာနအနေနဲ့ပဲသိတော့ ဒီဌာနမှာ အမြဲထမ်းဝန်ထမ်း နဲ့ နေ့စာဝန်ထမ်း လူပေါင်း ၃၀ ကျော်က ဒီနေ့လစာထုပ်မှာဆိုပြီးမှ ကြည့်တော့သိရတာ။ အကြောင်းမဲ့ပျက်ကွက်ဆိုပြီးတော့ ဌာနမှူးလက်မှတ်နဲ့ တွေ့ရတာ။ ကျနော်တို့ သာကြီးတောင်ရေနံမြေမှာနေရင် ဖိအားပေးခိုင်းတာတွေရှိလို့ ချောက်ကိုရောက်နေတာ" လို့ ပြောပါတယ်။
သာကြီးတောင်ရေနံမြေမှာ ဝန်ထမ်းတစ်ရာကျော် CDM လှုပ်ရှားမှာ ပါ ဝင်ထားကြတယ်လို့လည်း သိပါတယ်။
စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်မှာ ချောက်-လမ်းရွာ၊ ရေနံချောင်း၊ မင်းဘူး၊ ထောက်ရှာပင်၊ ကျောက်ခွက်၊ လက်ပံတို၊ သာကြီးတောင် ရေနံမြေဝန်ထမ်းတွေက CDM လုပ်ထားကြတာဖြစ်ပါတယ်။
ဒီလအတွက်လစာကို အပြည့်ထုတ်ပေးဖို့ အစီအစဉ်ရှိနေသလို ၃ လပိုင်း တစ်ရက်နေ့မှာ မဖြစ်မနေတက်ဖို့ ပြောတာတွေရှိနေလို့ အဲဒီနေ့ကြမှ CDM ဖောင်တွေ တင်သွားမယ်လို့ ချောက်ရေနံမြေ ဝန်ထမ်းတွေဆီက သိရပါတယ်။