DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ၃ ဦးနှင့် တိုင်းဥပဒေချုပ်တို့ကို ခံဝန်ကတိဖြင့် ပြန်လွှတ်
DVB
·
February 26, 2021
Gallery image 1
1 / 3
Donate to DVB

ဖမ်းဆီးထိန်းသိမ်းထားတဲ့ မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးနဲ့ တိုင်းဥပဒေချုပ်တို့ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ခံဝန်နဲ့ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ ဝန်ကြီးယောက်ကို ၃ ယောက်နဲ့ တိုင်းဥပဒေချုပ်တို့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လွှတ်လိုက်တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။

အဲဒီ ခံဝန်ကတိထဲမှာ CDM အားမပေးရ၊ ကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းမပြုရ၊ စစ်ကောင်စီ၏ တည်ဆဲဥပဒေများကို လိုက်နာရမည် စတဲ့အချက် ၃ ချက်အား ခံဝန်ကတိ လက်မှတ်ရေးထိုးတာကြောင့် ပြန်လွှတ်ပေးတာလို့ သိရပါတယ်။

ခံဝန်ကတိမှာ လက်မှတ်ရေးထိုးပြီး ပြန်လွတ်လာတဲ့ မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေကတော့ လယ်/ဆည်ဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တိုင်းဒေသကြီး ဥပဒေချုပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ခံဝန်ကတိ လက်မှတ်ထိုးတဲ့အပေါ် ဒေသခန့်ပြည်သူတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချနေကြပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

မကွေးမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် လူဦးရေ သိန်းနဲ့ချီ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ သမဂ္ဂတပ်ပေါင်းစု၊ အင်ဂျင်နီယာသပိတ်စစ်ကြောင်း၊ ဗ မာ့နွေဦးတော်လှန်ရေး၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဆည်မြောင်းဌာနအပါအဝင် ဌာနအသီးသီက ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူ သိန်းနဲ့ချီပြီး ဆန္ဒပြနေကြတာပါ။

မကွေးတက္ကသိုလ်ရှေ့မှာတော့ ကျောင်းသားလူငယ်တွေနဲ့ပြည်သူတွေ ထိုင်သပိတ်ပြုလုပ်နေကြပြီး စေတနာရှင်အလှူရှင်တွေက မြန့်မာ့ရိုးရာအစားစာတစ်ခုဖြစ်တဲ့ ထမင်းနဲ နဲ့ စားသောက်ဖွယ်ရာတွေ၊ အချိုရည်နဲ့ သောက်ရေသန့်တွေ ဝေငှလှူဒါန်းခဲ့ကြပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013