စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီလောက်မှာ GZ တွေက ဦးဆောင်ပြီး ကျဆုံးခဲ့တဲ့ သူရဲကောင်း ညီအစ်ကိုမောင်နှမတွေအတွက် ဖယောင်တိုင်မီးထွန်းညှိပြီး ဝမ်းနည်းဆုတောင်ပွဲပြုလုပ်ခဲ့ကြပါတယ်။
ဝမ်းနည်းဆုတောင်းပွဲကို လူဦးရေ ၅၀၀ လောက် တက်ရောက်ခဲ့ကြပြီး အာဏာရှင်စနစ်ကျဆုံးပါစေ၊ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ အေးချမ်းစွာအနားယူနိုင်ပါစေ၊ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်လက်ပြီး တိုက်ပွဲဝင်သွားပါ့မယ်လို့ သူရဲကောင်း ညီအစ်ကိုတွေကို တိုင်တည်ကတိသစ္စာပြု ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
အောင်စံလင်း