DVB Logo
Home
မြန်မာသတင်း
မြေနီကုန်းတွင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲ၊ သတင်းထောက် ၂ ဦး အဖမ်း ခံရ
DVB
·
February 26, 2021
မြေနီကုန်းတွင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲ၊ သတင်းထောက် ၂ ဦး အဖမ်း ခံရ
1 / 4
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး မြေနီကုန်းတံတားအောက်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဲဒီနေရာမှာ သတင်းရယူနေတဲ့  ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဆန္ဒပြသူ ၁၀၀၀ ဝန်းကျင်လောက်ကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်က အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပြီး သတင်းထောက် ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မြေနီကုန်းတံတားအောက်မှာ ဆန္ဒပြနေကြတယ်။ ရဲတပ်ဖွဲ့အင်အား စစ်သားအင်အား အများအပြားနဲ့ ရဲကားတွေအချုပ်ကားတွေနဲ့ မြေနီကုန်းမီးပွိုင့်ကနေ ဗားကရာထောင့်၊ ပြည်လမ်းထောင့် အဲပတ်ချာလည်အကုန်လုံး တံတားပေါ်မှာရော လုံခြုံရေးတပ်ဖွဲ့တွေက နေရာယူတယ်။ ပြီးတော့ တံတားအောက် ဆန္ဒပြသူတွေကို သူတို့က အင်အားသုံးဖြိုတယ်။ ဆန္ဒပြသူတွေက နီးစပ်ရာ အိမ်တွေထဲ ဝင်ပြေးကြတယ်။ အဲဒါကို အိမ်တွေထဲထိ လိုက်ဖမ်းတယ်။ သတင်းထောက် ၂ ယောက်ပါသွားတာ တွေ့တယ်။” လို့ သတင်းထောက်က ပြောပါတယ်။

ဆန္ဒပြသူတွေကိုတော့ ပစ်ခတ်တာတော့ မရှိဘဲ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။

မနေ့ညကလည်း တာမွေမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး လူ ၃၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013