Home
မေးမြန်းခန်း
“မြန်မာနိုင်ငံမှာ သူတို့အတွက် နေရာမရှိတော့ဘူးဆိုတာ ပြည်သူအားလုံး နားလည်စေချင်တယ်” ဒေါက်တာဆာဆာ
DVB
·
February 25, 2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကော်မတီကိုယ်စား ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို တရားဝင် ခန့်အပ်တာဝန်ပေးထားပါတယ်။  ကုလသမဂ္ဂအထူးသံတမန်အနေနဲ့ စစ်အာဏာသိမ်း မြန်မာနိုင်အတွက် ဘာလို ကြိုးပမ်းသွားမလဲ၊ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုအခြေအနေ၊ ဆန္ဒပြ ပြည်သူတွေအတွက်၊ နိုင်ငံတကာမှာ မြန်မာ့အရေး ဘယ်လိုတွေ ကြိုးပမ်းဆောင်ရွက်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။  ။ ပထမဆုံးအနေနဲ့ CRPH ရဲ့ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဆရာ့ ကိုခန့်အပ်တဲ့အတွက် ဂုဏ်ယူပါတယ်ဆရာ။ 

ဖြေ ။  ။ ကျေးဇူးပါ။ 

မေး ။  ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ အရေးပါပုံ၊ ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ရှင်းပြပေးပါဆရာ။ 

ဖြေ ။  ။ ဒါကတော့ ကျနော်တို့ နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၀ မှာ မြန်မာနိုင်ငံ ပြည်သူလူထုကနေပြီးတော့ သူတို့ကိုယုံကြည်ပါတယ်၊ စိတ်ချပါတယ်၊ ကျနော်တို့အတွက် ပြောပေးပါ၊ ကျနော်တို့အတွက် ရပ်တည်ပေးပါဆိုပြီးတော့ ဒီမိုကရေစီနည်းကျ၊ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ made this all the people ၊ made this students ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်ကြောင့်၊ သူတို့ဟာ တရားဝင်ရွေးကောက်ခံတဲ့ နိုင်ငံတော်ကိုယ်စားရပ်တည်မယ့် ပုဂ္ဂိုလ်တွေ။ မဲဆန္ဒနယ်မြေကိုယ်စား ရပ်တည်မယ့် ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့် သူတို့ဟာ အမြဲတမ်း အရေးပါနေဦးမှာပါပဲ။ စစ်တပ်အာဏာသိမ်းခြင်း၊ မသိမ်းခြင်းနဲ့ သူတို့ရဲ့အရေးပါမှုကတော့ အခုဏပြောသလို စစ်တပ်အာဏာသိမ်းအလုပ်က သူတို့အရေးမပါတော့ဘူးဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ကအာဏာသိမ်းလို့ကိုပဲ သူတို့ကပိုလို့တောင်မှ အရေးပါလာတာကို ကျနော်ပြောလိုပါတယ်။ 

မေး ။  ။ နောက်တစ်ခုက ဆရာ့ကို ကုလသမဂ္ဂရဲ့ အထူးသံတမန်အနေနဲ့ ခန့်အပ်တဲ့အချိန်မှာ  ဆရာဘာတွေအရင်ဆုံး စလုပ်ဖို့ရှိပါသလဲ။ ဥပမာ - ဆရာလုပ်မယ့် အစီအစဉ် သုံးလေးခုလောက် ရှင်းပြပေးပါဆရာ။

ဖြေ ။  ။ နံပါတ်တစ်ကတော့ ကျနော်တို့ ဒီရွေးကောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ကုလသမဂ္ဂအနေနဲ့ ကြေညာပြီးတော့ သူတို့ ဒီမြန်မာနိုင်ငံပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်းကို သူတို့က ကုလသမဂ္ဂကကိုက အသိအမှတ်ပြုမှု ရှိကို ရှိရမယ်။ ဆိုတော့ ကမ္ဘာကိုကြည့်မယ်ဆိုတော့ အမေရိကန်လည်း ဒီမိုကရေစီနိုင်ငံပဲ။ အင်္ဂလန် နိုင်ငံလည်း ဒီမိုကရေစီနိုင်ငံပဲ။ အနောက်နိုင်ငံအားလုံး ခြုံကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီနိုင်ငံတွေဖြစ်တယ်။ အာဆီယံကိုကြည့်မယ်ဆိုရင်လည်း ဂျပန်နဲ့ တောင်ကိုရီးယားတို့ကိုလည်း ကျနော်တို့ဟာ သွားပြောရမှာဖြစ်ပါတယ်။ သူတို့ဟာလည်း အစိုးရကိုဖွဲ့စည်းတဲ့နေရာမှာ ရွေးကောက်ပွဲကို ဒီမိုကရေစီစံချိန်စံနှုန်းနဲ့အညီလုပ်ပြီးတော့ အစိုးရကိုဖွဲ့ကြတာပဲ။ ဘာဖြစ်လို့ မြန်မာနိုင်ငံကျတော့ ကျနော်တို့ ရွေးကောက်ပွဲလုပ်တယ်။ အစိုးရကိုဖွဲ့ရမယ့်အခါမှာ စစ်တပ်ကအာဏာသိမ်းတဲ့အခါမှာ လက်ပိုက်ပြီးတော့ ကျနော်တို့ ကြည့်နေလို့တော့မရဘူး။ ဆိုတော့ ကျနော်တို့က သူတို့ကို မြန်မာနိုင်ငံမှာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်း အမေရိကန်နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တွေလိုပဲ သူတို့မှာ သိက္ခာရှိရှိနဲ့ လက်ခံပြီးတော့ သူတို့နဲ့လက်တွဲလုပ်နိုင်တဲ့အထိကို ကျနော်တို့က ဆောင်ရွက်သွားဖို့ သတ်မှတ်သင့်ပါတယ်။ 

နံပါတ်နှစ်အနေနဲ့တော့ အခုဏလို ပြည်သူလူထုအပေါ်ကို စစ်ကြေညာပြီးတော့ ရဲသားတွေ၊  စစ်သားတွေကို လွှတ်ပြီးတော့ အိမ်တိုင်ရာရောက်ထိ သေနတ်နဲ့ချိန်ပြီးတော့ သတင်းထောက်ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးပြောရရင်တော့ မသန်မစွမ်းနဲ့ ကိုယ်ဝန်ဆောင် မိခင်နဲ့၊  မနေ့ညက အခုန video ထွက်နေတာနှော် ကလေးတစ်ယောက်က သူ့အမေကိုကာကွယ်ဖို့ ငိုနေတယ်။ အဲ့ဒီမှာ ရဲသားကလေ ဆယ်ယောက်ထက်မနည်းရှိတယ်။ အဲဒိမှာ ရဲမင်းကြီးတွေပါတယ်။ ကလေးကို အဲဒိရဲ ဆယ်ယောက်က ဝိုင်းရံထားတာ။ အဲဒီကလေးက လက်နက်ရှိလို့လား။ ငိုနေတဲ့ ကလေးအမေ နဲ့ အဲဒီကလေးက သူတို့မှာ အဲ့လောက်အထိ လူသတ်မှုရှိလို့လား။ ဘာဖြစ်လို့လဲ။ ဆိုတော့ ဒါတွေအားလုံးကို ကျနော်တို့ဟာ We Need Justice to be done.  ဆိုတော့ ကျနော်တို့အနေနဲ့ ဒါကိုတော့ လက်ခံနိုင်စရာမရှိတော့ဘူးဆိုတော့ ဒီလိုစစ်အာဏာသိမ်းအစိုးရက သတ်ချင်တဲ့လူကိုသတ်၊  ဖမ်းချင်တဲ့လူကိုဖမ်း။ လူ့အခွင့်အရေးကို တကယ်ချိုးဖောက်နေပါတယ်ဆိုတာ ဆရာတို့လို သတင်းမှာထုတ်တာ အရေးကြီးတယ်။ သတင်းမှာဖတ်တာနဲ့ လူချင်းပြောတာက မတူဘူး။ ကျနော်ကတော့ ပါးစပ်နဲ့လူချင်း ကျနော့်နှလုံးသားထဲကနေပြီးတော့ မြန်မာနိုင်ငံလူထုမှာ ခံစားနေရတဲ့ နာကျင်မှု၊  ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို သက်သေအထောက်အထားနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီနဲ့ ထိပ်တိုက် formal ပဲဖြစ်ဖြစ်၊ informal ပဲဖြစ်ဖြစ်  ကျနော်ကတွေ့ပြီးတော့ပြောမယ်။ ဒါနံပါတ်နှစ်။ 

နံပါတ်သုံးအနေနဲ့ ကျနော်တို့ ဒီအာဏာသိမ်းစစ်အစိုးရကို အရေးယူတဲ့အပိုင်းမှာ သူတို့ အာဏာသိမ်းစစ်အစိုးရ လက်တစ်ဆုပ်စာကိုပဲ အရေးယူတာမဟုတ်တော့ဘဲနဲ့ ဒီအာဏာသိမ်းစစ်အစိုးရကို ထောက်ခံအားပေးနေတဲ့ သူတို့ရဲ့အသိုင်းအဝိုင်းတွေအားလုံးကို ကျနော်တို့ ကြည့်ရမှာပဲ။ ဒါကတော့ မရတော့ဘူး ဒီအချိန်မှာလေ။ ဒီလိုနဲ့ ကျနော်တို့ အနာဂတ်ကို သွားလို့မရတော့ဘူးဆိုတော့ ဒါကို အမေရိကန်အစိုးရနဲ့ ဥရောပ အနောက်နိုင်ငံအစိုးရကို ဒီလို အရေးယူသင့်တဲ့ ပုဂ္ဂိုလ်တွေ။ ဥပမာ ဒီစစ်အာဏာသိမ်းတဲ့ ပုဂ္ဂိုလ်တချို့နဲ့၊  အာဏာသိမ်းထဲမှာ မပါသော်လည်း သူတို့ကိုထောက်ခံနေတဲ့ လက်ခုပ်တီးပေးနေတဲ့၊ သူတို့ကိုကူညီနေတဲ့ လူတွေက အတူတူပါပဲ။ ဒါဘာမှမထူးဆန်းပါဘူး။ ဆိုတော့ သူတို့အားလုံးကို ကျနော်တို့က အရေးယူ နိုင်ဖို့ရန်အတွက်က နံပါတ်သုံးအချက်လို့ ဆိုရမှာဖြစ်ပါတယ်။ 

နံပါတ်လေးအချက်ကတော့ ကျနော်တို့မြန်မာနိုင်ငံ သံရုံးအားလုံးပေါ့နှော်။ ကမ္ဘာ့အသီးသီးမှာရှိတဲ့ မြန်မာနိုင်ငံ သံရုံးအားလုံးကလည်း သပိတ်မှောက်ကိုမှောက်ရမှာ။ အခုလူထုတောင်မှ ဒီလောက်အုံကြွပြီးတော့လေ။  ဆင်းရဲသား၊  မသန်မစွမ်း၊ ကိုယ်ဝန်ဆောင်မိခင်၊  ကလေးနဲ့မိခင်၊ စောစောက ကျနော် ကလေးနဲ့ နို့တိုက်မိခင်တစ်ယောက် ဆန္ဒပြထွက်ပြီးတော့လေ လူရှေ့မှာ (ဘယ်website မှာတော့မသိဘူး) သူက နို့တိုက်ပြီးတော့ အဲ့လို ဆန္ဒပြနေတာတွေ့ရတဲ့အခါမှာ ကျနော်တကယ်ကိုပဲ မျက်ရည်တောင်ကျခဲ့ပါတယ်။ ဒါတွေအားလုံးက တကယ်ပြောမယ်ဆိုရင်တော့ ကမ္ဘာမှာ အရက်စက်ဆုံးက ဘယ်သူလဲ။ ကမ္ဘာမှာ ဒီလောက်အထိ ကျနော်တို့က ရက်စက်ပါတယ် ဆိုပြီးတော့ သက်သေပြနေတာဖြစ်ပါတယ်။ တစ်ဖက်က ပြောမယ်ဆိုရင်တော့ ဒီလိုဒီမိုကရေစီစံချိန်စံနှုန်းနဲ့ ရွေးကောက်ပွဲလုပ်တဲ့ဟာကို သူတို့က တကယ်ဆိုရင်တော့ မသမာဘူးဆိုပြီးတော့ မတရားတဲ့ သူတို့ဘယ်က စာရင်းကိုယူသလဲ ဘယ်သူမှ မသိဘူး။ သူတို့စက်ရုံက ထုတ်လုပ်တာလားတော့ မသိဘူးလေ။ ဒီမသမာမှု ရှိတယ်ဆိုပြီးတော့ ဆယ်သန်းပေါ့နှော်။ ဆယ်သန်းကျော်ကို သူတို့က list ကိုထုတ်တယ်။ Evidence မရှိဘူး။ သူတို့မှာ proof မရှိဘူး။ အဲဒါကိုအကြောင်းပြပြီးတော့ ပြည်သူကို လာနှိပ်စက်တယ်။ ဒါကတော့ တကယ်တမ်းဆိုရင်တော့ ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဆိုတော့ ကျနော်တို့အနေနဲ့ သူတို့အားလုံးကိုလည်း လုပ်တဲ့သူနဲ့ လုပ်ခိုင်းတဲ့သူအားလုံးကို We must proof them to Justice. သူတို့ကို တရားမျှတတဲ့နေရာကို ကျနော်တို့ ခေါ်သွားနိုင်ဖို့ အရေးကြီးပါတယ်။ နောက်ဆုံး ပြောမယ်ဆိုရင်တော့ အဲ့လိုမသန်မစွမ်းတွေတောင်မှ အဲ့လိုမတရားခံနေရပြီ။ သူတို့တောင်မှ အဲ့လိုဖြစ်နေပြီဆိုတော့ နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးဝန်ထမ်း အားလုံးလည်း CDM ကို join ပါ။ သတ္တိရှိရှိနဲ့ join ပါ။ ဘာမှ စိတ်ရှုပ်စရာမရှိပါဘူး။ CDM မှာ မလာနိုင်လို့ တိုင်းပြည်တစ်ခုလုံး ပျက်စီးမှာထက်၊  CDM မှာလာလို့ တိုင်းပြည်အနာဂတ်ရှိသွားမှာကို အားလုံး စဉ်းစားဖို့လိုတယ်။ ပြီးတော့ ကျနော်တို့ဟာ CDM လုပ်လို့ ထမင်းငတ်ပြီးတော့ ဘယ်သူမှမသေပါဘူး။ တကယ်ပါ။ အာဏာသိမ်းစစ်အစိုးရက ပေးတဲ့ လစာကိုမယူလည်း ထမင်းမငတ်ပါဘူး။ ကျနော်ကတိပေးရဲတယ်။  သူတို့ပေးတဲ့လစာကို မစားဘဲနဲ့ ကျနော်တို့ နေလို့ရတယ်။ အေးဆေးနေလို့ရတယ်။ ကျွန်တော်တို့ ကုလသမဂ္ဂလည်းပြောမယ်။ နိုင်ငံတကာလည်းပြောမယ်။ ဒါပေမယ့်လည်း CDM မှာမပါလို့ အာဏာသိမ်းစစ်အစိုးရက ကြိုက်တာကိုလုပ်၊  သတ်ချင်တာကိုသတ်၊  ဖမ်းချင်တာကိုဖမ်း၊ ဖျက်ဆီးချင်တာကိုဖျက်ဆီး ဆိုပြီးတော့ သူတို့လွတ်လွတ်လပ်လပ်လုပ်နေရင် ကျနော်တို့ လူထုအားလုံးက ပိုဆိုးသွားပါမယ်။ သွေးထွက်ခြင်းတွေဖြစ်လာမယ်။ အုံကြွခြင်းတွေဖြစ်လာမယ်။ ကျနော်တို့ စီးပွားရေး၊ ကျန်းမာရေး ကွက်လပ်ဖြစ်လာမယ်ဆိုရင်တော့ ဒါကိုကျနော်တို့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတကာမှာရှိတဲ့သံရုံးတွေအားလုံးကလည်း သပိတ်မှောက်ဖို့ အရေးကြီးတယ်။ မှောက်ကို မှောက်ရမယ်။ ဆက်ပြီးတော့ သွားကိုသွားရမယ်။ ပြည်သူလူထုကလည်း လုံးဝနောက်မဆုတ်ဘဲနဲ့ once for all တစ်ခါလုပ်ပြီးတော့ နောက်ထပ် ကျနော်တို့ကလေးတွေ၊ ကျနော်တို့ရဲ့ သားစဉ်မြေးဆက်တွေ ထပ်ပြီးတော့ ဒီလိုအဖြစ်ကို မခံရအောင် ကျနော်တို့က ဒီတစ်ခါလုပ်တာကို ဖြစ်နိုင်ရင်တော့ ထာဝရပေါ့နှော် သားစဉ်မြေးဆက်အကုန်လုံး လွတ်လပ်ရေးရပြီးနေနိုင်ဖို့၊ သားစဉ်မြေးဆက်အကုန်လုံးဟာလည်း ဒီမိုကရေစီရဲ့ အနှစ်သာရအောက်မှာ နေနိုင်ဖို့။ လူ့အခွင့်အရေးရဲ့ အနှစ်သာရအောက်မှာနေနိုင်ဖို့အတွက် ကြိုးစားသွားနိုင်ဖို့အတွက် ကျနော်ကတော့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ‌

မေး ။  ။ အခု အာဏာသိမ်းအစိုးရက ခန့်ထားတဲ့ ကိုယ်စားလှယ်ကလည်း UN မှာ ရှိတယ်ဆိုတော့ ဆရာတို့ကရော UN ရဲ့ အသိအမှတ်ပြုတာကို ခံရပြီလား။ ပြီးတော့ သူတို့နဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် ဘယ်လိုမျိုးရှိမလဲဆရာ။ 

ဖြေ ။   ။ ရန်ဖြစ်မှာတော့မဟုတ်ပါဘူး။ ဒါကတော့နံပါတ်တစ်ပေါ့။ ကျနော်တို့ သူတို့ကိုလေးစားပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း အဲ့မှာကြိုက်လို့နေတာ မဟုတ်ပါဘူး။ အခြေအနေကြောင့် သူတို့က အဲ့ဒီမှာ တာဝန်ထမ်းဆောင်ချင်သည်ဖြစ်စေ၊  မထမ်းဆောင်ချင်သည်ဖြစ်စေ သူတို့က နေနေရတဲ့အခြေအနေတွေဖြစ်တယ်ဆိုတာကို နံပါတ်တစ် ပြောလိုပါတယ်။ သူတို့အမှား မဟုတ်ပါဘူး။ နံပါတ်နှစ်ကတော့ သူတို့ကို ကျနော်ဆွေးနွေးချင်ပါတယ်။ ဒီစစ်အာဏာရှင်တွေရဲ့ အမိန့်ကိုမခံတော့ဘဲနဲ့ CDM မှာ လာပူးပေါင်းပါဆိုတာကို ကျနော်တို့ ကောင်းကောင်းမွန်မွန်ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ ပြီးတော့ သူတို့က ကျနော်ကို အသိအမှတ်ပြုသလား၊ မပြုသလား ဒါကတော့ အဓိကမဟုတ်ပါဘူး။ ကျနော့်ကိုအသိအမှတ်ပြုထားတာက ၅၄ သန်း ပြည်သူလူထု ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်က အသိအမှတ်ပြုထားတယ်ဆိုတော့ ပြီးသွားပြီ။ လူထုကိုယ်စားလှယ်ဖြစ်တယ် ကျနော်က။ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ဘယ်တော့မှဖြစ်မှာမဟုတ်သလို အဖြစ်လည်း ခံမှာမဟုတ်ပါဘူး။ ကုလသမဂ္ဂအနေနဲ့လည်း ရွေးရမှာပေါ့။  လူထုကိုယ်စားလှယ်ကိုရွေးမလား၊  မဟုတ်ရင် အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်ကိုရွေးမလား၊  ရွေးပေါ့။ ဒါပေမယ့်လည်း တစ်ခုပြောစရာရှိတာက သူတို့က ကျနော့်အသံကို နားမထောင်ချင်ရင်တော့ မြန်မာနိုင်ငံ ပြည်သူလူထု ၅၄ သန်းရဲ့ ငိုကြွေးသံကို နားမထောင်ချင်ရင်တော့ ကျနော်လည်း သူတို့ကို ပြောမှာပါ။ ခင်ဗျားတို့က ဒီမိုကရေစီနိုင်ငံဖြစ်တယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့အသံကို နားထောင်ရမှာဖြစ်ပါတယ်။ ဆိုတော့ ကျနော်က နိုင်ငံရေး နိုင်ငံရေးလို ပြောရမှာပေါ့။ ဒါကြောင့်မို့လို့ အမေရိကန်လည်း အခုကနော်တို့ပြောနေပြီ။ သူတို့အမေရိကန် အစိုးရတွေ အမေရိကန်လွှတ်တော်တချို့နဲ့ ပြောနေတယ်။ ဗြိတိသျှလွတ်တော်တချို့နဲ့လည်း ပြောနေတယ်။ အကုန်လုံးကလည်း ကျနော်ပြောတာကို အားလုံးထောက်ခံတယ်။ နားလည်တယ်။ သူတို့ဘက်မှာတောင်မှ ဒီလွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ ဒီလို ရွေးကောက်ခံပြီးတော့ အစိုးရဖွဲ့ခွင့်မပြုလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင်မှ ကြေညာစာတမ်းတွေ ထုတ်ပြန်ဖို့ရန်အတွက် ကျနော်တိုက်တွန်းထားတယ်။ ဒါတွေကလည်း မကြာခင်မှာ လာပါလိမ့်မယ်။ 

မေး ။  ။ အာဆီယံနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒတွေပေါ့ အင်ဒိုနီးရှားဆိုရင် ဒီရွေးကောက်ပွဲပြန်လုပ်တာကို တွန်းအားပေးမယ်ဆိုပြီးတော့ သတင်းတွေထွက်တယ်။ ပြီးတော့အခု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပေါ့နှော် သူလည်းဘန်ကောက်ကို ရောက်နေတယ်လို့ပြောတယ်။ ဆိုတော့ ဆရာ ကုလသမဂ္ဂအပြင် အာဆီယံနိုင်ငံတွေနဲ့ရော ဘယ်လိုချိတ်ဆက်ပြီးတော့ ဆောင်ရွက်မလဲဆရာ။ 

ဖြေ ။  ။ သူတို့ကတော့ အမေရိကန်အစိုးရတို့လို ဩဇာရှိတဲ့ နိုင်ငံတွေမှတဆင့် အာဆီယံနိုင်ငံတွေကို ကောင်းကောင်းကိုင်တွယ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အသံကိုသူတို့က လျစ်လျုရှုတာ ကြာလှပြီ။ ကျနော်တို့လည်း စီးပွားရေးကို ပိတ်ဆို့လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ သူတို့လည်း ဒီလိုနဲ့ စစ်အာဏာရှင်နဲ့ပေါင်းပြီး ဒါ လူ့အခွင့်အရေးချိုးဖောက်ရာရောက်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီပိုက်ဆံက သူတို့က ကျည်ဆန်တွေဝယ်တယ်။  အဲဒိကျည်ဆန်က မြသွဲ့သွဲ့ခိုင်ကို ပစ်တယ်။ သတ်တယ်။ ဒါကတော့ ကျနော်တို့က ကမ္ဘာ့ ကုလသမဂ္ဂမှာ အေးဆေးပြောလို့ရတယ်။ ဒါကတော့ ကျနော်တို့ပြောနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဒါကတော့ ကျနော် ဘယ်သူ့အကူအညီမှ မလိုပါဘူး။ ကျနော်ပြောမယ့်နည်းလမ်းတွေ အများကြီးရှိတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ ဒီစစ်အာဏာရှင်တွေက ဘယ်က ပိုက်ဆံရနေသလဲဆိုတာကို စိစစ်ရပါလိမ့်မယ်။ အာဆီယံနိုင်ငံတွေက လူထု Interest ကို တစ်ချက်ကလေးမှ မကြည့်တာ ကြာလှပြီ။ ဆိုတော့ ကျနော်တို့အနေနဲ့ ဒါကိုလက်ပိုက်ကြည့်လို့မရဘူး။ အာဆီယံနိုင်ငံတွေက တကယ်တမ်းဆိုရင်တော့ ဝင်ရောက်မစွက်ဖက်ရေးဆိုတာရှိတယ်။ ဆိုတော့ သူတို့က ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးကို သူတို့ တဖက်သတ်ဆန်တဲ့ အဲ့လို ဝင်ရောက်စွက်ဖက်နေတာကို တွေ့ရတယ်။ ဒါဟာလည်း တကယ်တမ်း သူတို့လာမယ်ဆိုရင်တော့ နိုင်ငံတော်အတိုင်ပင်ခံကို တွေ့ကိုတွေ့ပေးဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတကြီး ဦးဝင်းမြင့်ကိုလည်း တွေ့ကိုတွေ့ခိုင်းပါလို့ ပြောကို ပြောရပါလိမ့်မယ်။ ပြီးတော့ ကျနော်တို့ဒီဆန္ဒပြတဲ့ ခေါင်းဆောင်တွေကိုလည်း တွေ့ကို တွေ့နိုင်အောင်ကြိုးစားရမှာပါ။ မဟုတ်ဘဲနဲ့ စစ်အာဏာသိမ်းကောင်စီကိုပဲ သူတို့အကျိုးစီးပွားအကျိုးကိုပဲကြည့်ပြီးတော့ ဒီနိုင်ငံရဲ့ အတက်အကျတခုမှာ သူတို့ရဲ့ စီးပွားမလုံခြုံမှု ဘယ်လိုရှိမလဲ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးတွေ ဘယ်လိုရှိမလဲ။ ဒါကိုပဲ သူတို့က လူထုရဲ့အပေါ်မှာထားပြီးတော့ ဒါကိုလာလုပ်လို့ကတော့ မရတော့ဘူး။ ဆိုတော့ ကျနော်လည်း သူတို့ကို သတိပေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာလည်း အခုဆိုရင်တော့ ၁၉ ရာစုနဲ့မတူတော့ဘူး။ အခုက ၂၀ ရာစုနဲ့လည်း မတူတော့ဘူး။ ကျနော်တို့က ၂၁ ရာစု လူငယ်တွေဖြစ်တယ်။ ဒီလိုအဖြစ်မျိုးကို လုံးဝမခံနိုင်ဘူး။ သူတို့အာဆီယံဟာလည်း သူ့ရဲ့နေရာ၊  သူ့ရဲ့ ပေါ်လစီ ဒါကိုသူတို့ ပြန်စစ်ဖို့ လိုမယ်လို့ထင်တယ်။ ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ ကျနော်တို့မြန်မာနိုင်ငံသာမက အာဆီယံတောင်မှ လိုအပ်ရင်လိုအပ်သလို အရေးယူနိုင်မယ့် နည်းလမ်းကိုလည်း ကျနော်တို့ ရှာကိုရှာရမှာ ဖြစ်ပါတယ်။ သူတို့က တကယ်တမ်းဆိုရင်တော့ အာဆီယံ စီးပွားအကြီးမားဆုံး ကုန်သွယ်ဘက်ဟာလည်း အနောက်နိုင်ငံတွဖြစ်နေတော့ ဒါတွေအားလုံးဟာလည်း လက်ပိုက်ကြည့်နေလို့မရဆော့ဘူး။ အခုကတော့ သူတို့က ဒီစစ်အာဏာသိမ်းအစိုးရကို ထောက်ခံသလိုလိုနဲ့ ပြည်သူလူထုအားလုံးခံစားသလို ကျနော်လည်း ခံစားနေရတယ်။ ဒါကတော့ အဖြစ်မှန်ပဲ။ ကျနော်တို့ခံစားချင်လို့ ခံစားတာမဟုတ်ဘူး။ အဲ့လိုခံစားရအောင်ကို သူတို့ကဖ န်တီးပေးသွားတာဆိုတော့ အဲ့လောက်အထိ ကျနော်တို့က မျက်ရည်မျက်ခွက်နဲ့ သွေးထွက်သံယိုပြီးတော့၊ ဘယ်နှယောက်သေဦးမလဲလို့၊ တစ်ယောက်မှ မလုံခြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေမှာ သူတို့က သူတို့အကျိုးကိုပဲလာကြည့်ပြီး မြန်မာနိုင်ငံကိုလာရင်တော့ ဒါမျိုးတော့ အဖြစ်မခံတော့ဘူး။ 

မေး ။  ။ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားရှယ်နဲ့ရော ဘာတွေချိတ်ဆက်ဆောင်ရွက်ပြီးပြီလဲ။ ဘယ်လိုတွေချိတ်ဆက်ထားလဲ။ 

ဖြေ ။  ။ ကျနော်တို့က Human Rights က အဓိကဖြစ်နေတယ်။ Human Rights ရဲ့ Abusive ဖြစ်နေတဲ့ လက်နက်အားကိုးပြီးတော့ ဒီ CDM မှာပါတဲ့ လူတွေရဲ့အိမ်ကိုသွားတယ်။ စဉ်းစားကြည့်လေ၊ ဒီရဲတွေ၊ ဒီစစ်သားတွေဆိုတာက ကျနော်တို့ကိုကာကွယ်မယ့်၊  သူခိုးတွေ၊ ဓားပြတွေရန်ကနေ ကျနော်တို့ကိုကာကွယ်မယ့် သူတွေကနေပဲ သူတို့က သူခိုးလိုညမှာလာပြီးတော့ လာပစ်နေတဲ့အခြေအနေ ရောက်နေတယ်လေ။ သူတို့ကပဲ Law and Order လုပ်မယ့် ပုဂ္ဂိုလ်တွေဖြစ်ဖို့ဟာ သူတို့ကပဲ ဒီ Law and Order  တရားဥပဒေကို လုပ်ရမယ့်နေရာမှာ သူတို့ကိုယ်၌က တကယ့်တရား ဥပဒေ စိုးမိုးရေး လုပ်မယ့်လူက တရားဥပဒေကို ညတိုင်း၊  နေ့တိုင်း ချိုးဖောက်နေတယ်ဆိုတာက ဘယ်နိုင်ငံမှာမှ မရှိဘူး၊ မြန်မာနိုင်ငံမှာပဲရှိတယ်။ ဒါကိုလည်း ကျနော်မှာချင်တာကတော့ ပြည်သူတွေ ကျေးဇူးပြုပြီးတော့ ခင်ဗျားတို့မှာဖြစ်ခဲ့တဲ့အရာတွေကို အချိန်ရော၊  နေ့ရက်ရော၊ နာရီရော ဖြစ်နိုင်ရင်တော့ ဓာတ်ပုံမှတ်သားပေါ့နှော်။ အကုန်လုံးထိမ်းသိမ်းထားပါ။  လိုအပ်ရင် လာကောက်ပါလိမ့်မယ်။  လာကောက်တဲ့အခါမှာ သေချာ ဒီနေ့မှာ ဒီလိုဘယ်နှယောက် ဒီလို ဒီအချိန် ဒီနာရီဆိုပြီးတော့၊  သတင်းသမားတွေလည်း ဒါတွေကိုကျေးဇူးပြုပြီးတော့ မှတ်တမ်းတွေကို ရနိုင်သလောက်ယူပေးပြီးတော့ ကျနော်တို့က ဒါကို ကမ္ဘာသိအောင်ကို၊  စာအုပ်လိုတောင် ကျနော်တို့က ထုတ်လို့ရတဲ့အထိအောင် သွားပါမယ်။ ဒီလို လူဆိုးတွေရှိနေသရွေ့က မြန်မာနိုင်ငံမှာ မရဘူးဆိုတဲ့ သက်သေအထောက်အထားကိုလည်း ပြပြီးတော့၊  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ရော ကျနော်တို့ အဆက်အသွယ်ရှိပါတယ်။ သူတို့ကတော့ ကျနော်တို့ကို အဝေးကနေ လာနားလည်သလိုဖြစ်နေတယ်။ ကျနော်တို့လို ကိုယ်စားလှယ်တွေမှတဆင့် သူတို့က နားလည်လို့ရမှာဖြစ်ပါတယ်။ ‌

မေး ။  ။ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီတို့၊  လူ့အခွင့်အရေးကောင်စီတို့ကလည်း ထုတ်ပြန်ချက်တွေထုတ်တယ်။  ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့ဘာတို့ကလည်း ထုတ်ပြန်တယ်။  အဲ့ထုတ်ပြန်ချက်တွေအပေါ်မှာရော ဆရာ့ရဲ့အမြင်သဘောထား နည်းနည်းပြောပေးပါဦး။ 

ဖြေ ။  ။ အခုကတော့ ထုတ်ပြန်ချက်ကတော့ လာနေတယ်။  ဒါပေမယ့်လည်း ထုတ်ပြန်ချက်နဲ့လည်း မလုံလောက်တော့ဘူး။ ထုတ်ပြန်ချက်ကတော့ ထုတ်ပြန်ချက်။ ထုတ်ပြန်ချက်ရဲ့နောက်မှာ follow up ရှိရမယ်။ အဲ့မှာ Action ရှိရမယ်။ ဒီလမှာဆိုရင် ဗြိတိသျှနိုင်ငံက ကမ္ဘာ့လုံခြုံရေးကောင်စီမှာ သူတို့က သဘာပတိလုပ်မယ်။ လောက်လမှာဆိုရင်တော့ အမေရိကန်က သဘာပတိလုပ်မယ်ဆိုတော့ အမေရိကန်သဘာပတိကနေပြီးတော့ ကျနော့်ကိုစကားပြောခွင့်ပေးရင်တော့ သူတို့ဘယ်သူ့မှ တားလို့ရဲမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်က သက်သေအထောက်အထားနဲ့ အကောင်းဆုံး၊  လုံးဝကို ဟိုတုန်းကနဲ့မတူအောင် ပြောမှာပဲ။  ပြီးတော့ ဆန္ဒပြနေတဲ့ Generation Z တွေကိုလည်း သူတို့မှာ ဖြစ်ခဲ့တယ်ပေါ့နှော်။  ရဲတွေကနေပြီးတော့ သူတို့ကို လုံးဝ ရက်ရက်စက်စက်နဲ့ ပြုခဲ့တာတွေ ပါခဲ့သော်လည်းပဲ ဒါကိုအားလုံးသိမ်းထားပေးပါလို့။ မြန်မာနိုင်ငံမှာပဲ ဒါကိုအဖြစ်ခံပြီးတော့ တခြားနိုင်ငံမှာမဟုတ်လို့ မရတော့ဘူးဆိုလည်း အခုခေတ်က ဟိုတုန်းနဲ့မတူဘူး။ ဒါ ၂၁ ရာစုရောက်နေပြီဆိုတော့ ဒီလို ၂၁ ရာစုမျိုးမှာ အဲဒီလို ရဲတွေမရှိတော့ဘူး ကမ္ဘာမှာလေ။ ဒီလို ၂၁ ရာစုမှာ အဲ့လို ရက်ရက်စက်စက်နဲ့ တခြားလူတစ်ယောက်၊  ကမ္ဘာသူ၊  ကမ္ဘာသားတစ်ယောက်ကို သွားနှိပ်စက်ပြီးတော့ အဲ့လိုအကြောင်းတရားကို သွားရိုက်တွေ့တယ်ဆိုတာကတော့ တခြား  ကမ္ဘာမှာ မရှိတော့ဘူး။ ထိုနည်းတူစွာ မြန်မာနိုင်ငံမှာလည်း သူတို့အတွက်နေရာတော့ မရှိတော့ဘူးဆိုတာကို ပြည်သူလူထုအားလုံးလည်း နားလည်စေချင်တယ်။ ပြည်သူလူထုလည်း လုံးဝစိတ်ဓာတ်မကျပါနဲ့။ လုံးဝ စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်က အဆုံးအထိ ပြည်သူလူထုနဲ့ ရပ်တည်သွားမှာဖြစ်ပါတယ်။ ဟုတ်ပြီ လွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း ခင်ဗျားတို့ ပြည်သူလူထုကရွေးထားတဲ့ ကိုယ်စားပြုဖို့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်။ သူတို့ကို ကျနော်က ကိုယ်စားပြုတယ်ဆိုတာမှန်သလို သူတို့မှတဆင့် ကျနော်တို့က ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတာကို အားလု့း ကျနော် ပြောလိုပါတယ်။ ဒါကြောင့်မို့လို့လုံးဝ နောက်မဆုတ်ဘဲနဲ့ လုံးဝ လက်မမြှောက်ဘဲနဲ့ ရှေ့ကိုချီတက်ကြပါစို့။ အရေးတော်ပုံအောင်တဲ့အထိ ရှေ့ကိုချီတက်ဖို့လိုပါတယ်။ 

မေး ။  ။ မြန်မာနိုင်ငံမှာ အခုလိုမျိုး ဖမ်းချင်သလိုဖမ်းတယ်၊ ပစ်သတ်ချင်သလို ပစ်သတ်တယ်ဆိုတာကို ဆရာက ကုလသမဂ္ဂမှာ ပြောခွင့်ရတဲ့အချိန်ဆိုရင် ဘယ်လိုမျိုး စ ပြောမလဲ။ 

ဖြေ ။  ။ ဒါကတော့ ကျွန်တော်တို့က စကားပြောပုံပြောနည်း ကတော့ အများကြီးရှိတယ်။ ကျွန်တော်တို့က ကုလသမဂ္ဂရဲ့ Assembly မှာပဲ ပြောလိုတာ မဟုတ်ပါဘူး။ ဥပမာပေါ့ ဂျပန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူကြီးကို ကျနော် ဆရာ ကျနော်နဲ့ ခင်ဗျားနဲ့တွေ့ဖို့ ရှိတယ်။ ကျနော်မြန်မာပြည်ကပါ။ ကျနော့်မှာ ဒါတွေဒါတွေ အထောက်အထားရှိတယ်။ ဆရာနဲ့ကျွန်တော်နဲ့ ထိုင်ချင်တယ်။ ဒါကအေးဆေးပဲလေ။  လိုအပ်ရင်တော့ အခုက အမေရိကန်နိုင်ငံ သမ္မတကြီးနဲ့လည်း ကျနော်တို့ တွေ့ဖို့ရန်အတွက်ပြင်ဆင်နေတယ်။  ဒါက တော်ရုံတန်ရုံမဟုတ်ဘူး။  ကျနော်ပြောသလို အမေရိကန်နိုင်ငံရဲ့ ဒုသမ္မတ နဲ့လည်း တွေ့နိုင်ဖို့ ကျနော်ကြိုးစား နေတယ်။  တွေ့ခွင့်လည်း ရလာမှာပါ။  မရတာတော့သိပ်မရှိပ‌ေဘူး။  ကျနော်တို့ကနေ ပြောတဲ့အခါမှာ ကုလသမဂ္ဂမှာကိုယ်စားလှယ် တွေက နိုင်ငံတိုင်းက ကိုယ်စားလှယ်တွေရှိကြတာပေါ့လေ။ အခုအရှေ့တောင်အာရှမှာဆိုရင်တော့ ကျနော်တို့ အဓိကနိုင်ငံက တောင်ကိုရီးယားနဲ့ ဂျပန်ဖြစ်နေတယ်။ တောင်ကိုရီးယားကိုယ်စားလှယ်ကြီးနဲ့ တွေ့ဖို့ ဘာမှမခက်ပါဘူး။  ဂျပန်ကိုယ်စားလှယ်ကြီးလည်း တွေ့ဖို့ ခက်မယ်မထင်ပါဘူး။ ပြီးတော့ ဗြိတိသျှမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကျနော်နဲ့ ခင်ပြီးသား။  အမေရိကားမှာလည်း သူတို့နဲ့ ခင်ပြီးသား။ Europe မှာလည်း ခင်ပြီးသားဆိုတော့ ဘာဖြစ်လို့ ကျနော်တို့နဲ့တွေ့ဖို့ရှောင်ရမလဲ။ ကျနော်က လူသတ်တာလည်းမဟုတ်ဘူး၊ အကြမ်းဖက်တာလည်း မဟုတ်ဘူး။ ကျနော်က ပြည်သူလူထုအတွက်ကိုပဲ စကားသွားပြောမှာလေ။  သူတို့က နားထောင်ချင်ပါလိမ့်မယ်။  ကျနော်ပြောတာကို အရမ်းနားထောင်ချင်ပါလိမ့်မယ်။  ဒါကြောင့်မို့လို့ ကျနော်က ဘာမှ အဲ့မှာ မစိုးရိမ်ဘူး။ နည်းနည်းခက်မှာကတော့ တရုတ်က နည်းနည်းခက်မယ်လို့ထင်တယ်။ တရုတ်တောင်မှ ကျနော်ကတော့ ကြိုးစားမှာပဲ။ တရုတ်ကိုယ်စားလှယ်တော်ကြီး နဲ့ ကျနော် ထိုင်ပြီးတော့လေ၊  သူလည်းလူပဲ သူလည်းနှ လုံးသားရှိတာပဲ။ ကျနော်လည်းနှလုံးသားရှိတာပဲ။ သူလည်းငိုတတ်တာပဲ။ ကျနော်လည်းငိုတတ်တာပဲ။ ကျနော့်ရဲ့ ပြည်သူလူထုအတွက်ကို ကျနော်မျက်ရည်ကျထားတယ်။ သူလည်းကျထားတာပဲ။  ဆိုတော့ ကျနော်တို့အနေနဲ့ နှစ်ယောက်ထိုင်ပြီးတော့ လူကိုလူလိုစကားပြောရင်တော့ ဒီကမ္ဘာ မှာ နားမလည်နိုင်တဲ့လူတော့ ရှိမယ်မထင်ပါဘူး။ 

မေး ။  ။ အခုဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြနေတဲ့  ပြည်သူလူထုရှိမယ် ၊ခုန ဆရာပြောတဲ့ Generation Z သူတို့ရှိမယ်။ CDM လုပ်နေတဲ့ ဝန်ထမ်းတွေရှိမယ်။ သူတို့ကို ဆရာ ဘာသတင်းစကားပါးစရာရှိသေးလဲ။ 

ဖြေ ။  ။ ကျနော်တို့က ရန်သူတစ်စုပဲရှိတယ်နှော်။ Generation Z ရော၊ ပြည်သူလူထုရော၊ CDM လုပ်နေတဲ့သူရော၊ ကျွန်တော်တို့လို လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ လုပ်နေတဲ့သူတွေရော အားလုံးဟာ အတူတူပဲ။  ကျနော်တို့မလိုချင်တာ စစ်အာဏာရှင် တစ်ခုတည်းဖြစ်တယ်။ ဒါပါပဲ။  ရှင်းရှင်းလေးပဲ။  ဆိုတော့ ကျနော်တို့အားလုံးသည် ဒီမိုကရေစီအတွက်ကို တိုက်ပွဲဝင်နေသူတွေ ဖြစ်တယ်။ ကျနော်တို့ အားလုံးသည် Freedom အတွက်ကို တိုက်ပွဲဝင်နေသူတွေဖြစ်တယ်။  ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် လုံးဝ မမုန်းတီးဖို့နဲ့ ကျနော်တို့အကြားမှာ Generation Z တွေ ဖြစ်သော်လည်း ဒီဘက်က ဘယ်ပါတီ၊  ဘယ်အရောင်တွေပဲလာလာ ကျနော်တို့ရဲ့ရန်သူက အခုက လောလောဆယ် မြန်မာနိုင်ငံမှာ လူနှစ်မျိုးပဲရှိတယ်။  တိုင်းရင်းသားအနေနဲ့မဟုတ်တော့ဘူး။  လူမျိုးကိုအခြေခံတဲ့ နိုင်ငံရေးတွေ၊  ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးတွေ ပြီးသွားပြီ။  ဒါကမရှိတော့ဘူး။  ဒီ ၂၁ ရာစုမှာ အဲ့လိုမရတော့ဘူး။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ လူနှစ်မျိုးပဲရှိတယ်။ တစ်မျိုးက စစ်အာဏာရှင်ကို ကြိုက်တယ်၊‌ ထောက်ခံတယ်၊ လုပ်ပေးတယ်၊ ဖြစ်အောင်လုပ်တယ်။  တစ်ဘက်က စစ်အာဏာရှင်ကို လုံးဝ မဖြစ်တော့အောင် အသက်နဲ့ပေးပြီးတော့ သွားနေတဲ့လူတွေရှိတယ်။ နောက်တစ်မျိုးက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်နက်နဲ့ကိုင်ပြီးတော့လေ ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုပြီးတော့ အော်နေတဲ့အဖွဲ့နဲ့ ဆိုတော့ ဟုတ်ပြီ ဒီဖွဲ့စည်းပုံသည် ပြောင်းကိုပြောင်းရမယ်။  ဒါလူထုအခြေခံမဟုတ်ဘူး။ စစ်တပ်အခြေခံဖြစ်တယ်။ ဖွဲ့စည်းပုံမှာလည်း လူနှစ်မျိုးပဲရှိတယ်။  စစ်အာဏာရှင်နဲ့ပတ်သက်ပြီး တော့ လူနှစ်မျိုးပဲရှိတယ်။ ဒီမိုကရေစီကိုကြိုက်တဲ့လူနဲ့ ဒီမိုကရေစီကို  မကြိုက်တဲ့လူ။ အခုန လမ်းပေါ်ကိုထွက်နေတဲ့လူတွေက we want democracy,  we want freedom ဒါကတော့ ကျနော်တို့ အကုန်လုံးက အတူတူပဲ။ Generation Z ပဲဖြစ်ဖြစ် ကျနော်တို့လို့ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် မသန်မစွမ်းပဲဖြစ်ဖြစ် အခုနလို အရိုက်ခံရတဲ့လူပေါ့နှော်။  မန္တလေးမှာ အသတ်ခံခဲ့တဲ့ ကျနော်တို့ ညီငယ်နှစ်ယောက်ပဲဖြစ်ဖြစ်၊ ညီမငယ် မြသွဲ့သွဲ့ခိုင် ပဲဖြစ်ဖြစ် ၊ မနေ့ညက ကလေး သူ့အမေကို ကာကွယ်ဖို့ ရဲအရာရှိတွေ တစ်ယောက်မက ဝင်ရောက်စွက်ဖက်နေတဲ့အခြေအနေက ကလေးပဲဖြစ်ဖြစ်  အဲဒီကလေးက ကျနော်နဲ့ ခင်ဗျားနဲ့ဖြစ်ပါတယ်။  မြသွဲ့သွဲ့ခိုင်က ကျနော်နဲ့ခင်ဗျား ဖြစ်ပါတယ်။ မန္တလေးမှာ နှစ်ညောက်အသတ်ခံရတဲ့လူတွေလည်း ကျနော်နဲ့ ခင်ဗျားပဲ ဖြစ်ပါတယ်။ ထိုနည်းတူပဲ Generation  Z လည်း ကျနော်တို့ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုလည်း ကျနော်တို့ပဲ ဖြစ်ပါတယ်။ CDM ဟာလည်း ကျနော်တို့ ပဲဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ အားလုံးသည် အတူတူဖြစ်နေ တယ်ဆိုတာကို ပြည်သူလူထုအားလုံးကနေ နားလည်ပြီးတော့ လုံးဝ ဒီအချိန်တစ်လ နှစ်လအတွင်းမှာ စားစရာမရှိလည်း ကိုမင်းကိုနိုင်ပြော သလိုပေါ့ ခင်ဗျားအိမ်က ထမင်းကိုယူပြီးတော့ ကျနော့်ဆီက ဟင်းကိုယူပြီး အတူစားမယ်။  ဒါပဲ။ ထမင်းငတ်လို့ တစ်ယောက်မှ သေမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ကျနော်တို့ ထမင်းငတ်လို့သေမှာမဟုတ်ပါဘူး။ CDM လုပ်လို့ ထမင်းစားစရာမရှိလို့ သေမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီမိုကရေစီမရလို့တော့ လူအများကြီးသေနိုင်တယ်။ Freedom မရလို့တော့ အများကြီးသေနိုင်တယ်။ ထိုနည်းတူပဲ ကျနော်တို့က စစ်အာဏာရှင်လက်ထက်မှာ မလွတ်လို့တော့ လူအများကြီးသေနိုင်တယ်။  ဒါကို စဉ်းစားဖို့လိုပါလိမ့်မယ်။  နောက်ဆုံးအနေနဲ့ကတော့ စစ်ကောင်စီဘက်ကိုလည်း ပြန်ပေးပါလို့ ကျနော်ပြောချင်ပါတယ်။ ဒီအတိုင်းပဲဆက်သွားနေလို့ကတော့ ခင်ဗျားတို့အတွက်လည်း လုံးဝ မကောင်းပါဘူးလို့။  ကျနော်ထင်တယ် မင်းအောင်လှိုင်က ဒီအာဏာမသိမ်းခင်မှာ ဒီလိုဖြစ်မယ်ဆိုတာကို လုံးဝ တွက်ထားမယ်လို့ မထင်ဘူးနှော်။ သူက နားလည်နိုင်မယ်လို့လည်း မထင်ဘူး။ အခု စစ်ကောင်စီမှာ ပါတဲ့လူတွေဟာလည်း ဒါကို ဒီလောက်အထိဖြစ်လာမယ်ဆိုတာ သူတို့မတွက်ချက်မိဘူးလို့ ထင်တယ်။  ဆိုတော့ သူတို့ဟာ နိုင်ငံရေးလည်း Crisis ဖြစ်မယ်၊ စီးပွားရေး၊  ကျန်းမာရေးတွေ ထိခိုက်မယ်။ ဆေးရုံတွေတောင်မှ သူတို့ ဆေးရုံတွေတောင်မှ ပိတ်ပြီးတော့ လုံးဝ လူနာတောင်မှ ဘယ်နှယောက်ရှိလဲ ဘယ်သူမှမသိတော့ဘူး။ ကိုဗစ် 19  ဘယ်နှယောက်ရှိလဲ ဘယ်သူမှမသိတော့ဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အခုလို နောက်မကျ ခင်မှာ၊ နောက်ကျပြီးမှ၊  ကလေးကျမှလှေခါးထောင်လို့၊ ကလေးသေမှ လှေကားထောင်လို့ အဲ့လိုမဖြစ်အောင် စစ်ကောင်စီဘက်ကလည်း ကျေးဇူးပြုပြီးတော့ နောက်ဆုတ်ပါ။  ဆက်သွားလို့မရတော့ဘူး။ နိုင်ငံပျက်သွားလိမ့်မယ်။  ခင်ဗျား မိသားစုတစ်ခုကို မကြည့်နဲ့။ မြန်မာနိုင်ငံတစ်ခုလုံးက ပျက်သွားပါလိမ့်မယ်။  ခင်ဗျား ဘာတစ်ခုမှ ရစရာမရှိဘူး။ အာဏာသိမ်းလို့ ငါရတယ်ဟေ့ မဟုတ်တော့ဘူး ခုခေတ်ကလေ။အာ ဏာသိမ်းလို့ခင်ဗျားပါပါသွားတော့မှာ။ ဒါကြောင့်မို့လို့ အာဏာသိမ်းတဲ့ အဖွဲ့အစည်းတွေဟာလည်း ဘာပဲဖြစ်ဖြစ် နောက်ဆုတ်ပြီးတော့ စားပွဲပေါ်မှာထိုင်ပြီးတော့ ကျနော်တို့ ဆွေးနွေးရအောင်။ အမေစုကို ချက်ချင်းလွှတ်ပေးပါ။ နောက်ပြီးတော့ သမ္မတကြီးဦးဝင်းမြင့်ကို ချက်ချင်းလွှတ်ပေးပါ။ ဖမ်းဆီးထားတဲ့လူတွေ အကုန်လုံးကို လွှတ်ပေးပါ။ တပ်မတော်လည်း လာပါ။ သူတို့လည်း လာပါ။ ဆန္ဒပြတဲ့အဖွဲ့ထဲက ခေါင်းဆောင်လည်း လာပါ။  အတူတကွ ဆွေးနွေးရအောင်။  အတူတကွ သွားရအောင်။ ပြောရအောင်။  အဲ့လိုနဲ့မဟုတ်ဘဲနဲ့တော့ ဒီလိုနဲ့ဆက်သွားနေရင် မျက်စိပိတ်ပြီးတော့၊  နားပိတ်ပြီးတော့၊  ပါးစပ်ပိတ်ပြီးတော့ ဆက်လက်နေနေရင်တော့ မြန်မာနိုင်ငံကြီးဟာ ဒီတစ်လနှစ်လအတွင်းမှာ ပျက်စီးဖွယ်ရာရှိတယ်ဆိုတာကိုလည်း အားလုံးကို ကျနော်သတိပေးလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ 

မေး ။  ။ ဟုတ်ကဲ့ဆရာ ကျေးဇူတင်ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024