ဆီးရီးယားတွင် သတင်းထောက် ၂ ဦး ထပ်မံအဖမ်းခံရ

Nicolas Henin နဲ့ Pierre Torres
ဆီးရီးယားနိုင်ငံတွင် နောက်ထပ် ပြင်သစ်သတင်းသမား ၂ ယောက် ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပြီး ပြင်သစ်သတင်းထောက် စုစုပေါင်း ၄ ယောက် အဖမ်းခံထားရတယ်လို့ သတင်းမီဒီယာအခွင့်အရေး လှုပ်ရှားတဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမထား သတင်းထောက်များအဖွဲ့ (အာရ်အက်စ်အက်ဖ်) က အောက်တိုဘာ ၉ ရက်က အတည်ပြု ပြောပါတယ်။ [caption id="attachment_44662" align="alignleft" width="300" caption="Nicolas Henin နဲ့ Pierre Torres"][/caption]Le Point မဂ္ဂဇင်းမှာ လုပ်နေတဲ့ Nicolas Henin နဲ့ ပြင်သစ်-ဂျာမန် ရုပ်သံလိုင်း Arte က သတင်းထောက် Pierre Torres တို့ဟာ ဇွန်လ၂၂ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရပေမယ့် သူတို့ ပျောက်သွားတာကို အရင်က တရားဝင် လူသိရှင်ကြားထုတ်ပြန်ခဲ့တာ မရှိပါဘူး။ အာရ်အက်စ်အက်ဖ်အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဒေသ တာဝန်ခံ Soazig Dollet က "Nicolas Henin နဲ့ Pierre Torres တို့ ပြန်ပေးဆွဲခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ နယ်စည်းမခြား သတင်းထောက် အသင်းကို စောစောကတည်းက အကြောင်းကြားပါတယ်။ ဒါပေမယ့် မိသားစုတွေ တောင်းဆိုချက်နဲ့ လုံခြုံရေး အနေအထားအရ သတင်းမထုတ်ပြန်ခဲ့တာပါ။ တခြားသူတွေလိုပဲ သူတို့မိသားစုတွေနဲ့ မိတ်ဆွေတွေဆီ သူတို့ အမြန်ဆုံး ပြန်ရောက်လာကြမယ်လို့ ကျနော်တို့ မျှော်လင့်ထားခဲ့တာ။ ဆီးရီးယားမှာ ဖမ်းဆီးခံထားရတာလား၊ ဒါမှမဟုတ် ပြန်ပေးဆွဲခံထားရတာလား။ ပျောက်ဆုံးနေတဲ့ နိုင်ငံခြား သတင်းထောက် ၁၅ ယောက်ရှိပါတယ်။ ဆီးရီးယား သတင်းထောက် ၆၀ ကျော်ကတော့ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ခံနေရပြီး သတင်းထောက် ၁၂ ယောက်ကျော်ကတော့ အတိုက်အခံအဖွဲ့တွေ၊ အဓိကကတော့ ဂျီဟတ်အုပ်စုတွေရဲ့ ပြန်ပေးဆွဲခံထားရပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားမှာ နိုင်ငံခြားသတင်းထောက်တွေကို ပြန်ပေးဆွဲမယ်ဆိုပြီး ဂျီဟတ်တွေက အတိအလင်းကြေညာထားတယ်လို့ Soazig Dollet ကပြောပါတယ်။ “ဆီးရီးယားမှာ နိုင်ငံခြားသတင်းထောက်တွေဟာ ပြန်ပေးဆွဲစရာ ပစ်မှတ်ဖြစ်နေပါတယ်။ ဂျီဟတ်တွေက လူသိရှင်ကြားကို နိုင်ငံခြား သတင်းထောက်တွေကို ပြန်ပေးဆွဲမယ်ဆိုပြီး ပြောထားတာပါ။ ယေဘူယျအားဖြင့်တော့ နိုင်ငံခြားသားတွေအားလုံးပါပဲ။ သတင်းထောက်မှ မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ ဆီးရီးယားနိုင်ငံသားတွေကိုရောပဲ။ ဒါက လက်တွေ့မှာလည်း ဖြစ်နေတော့ ဆီးရီးယားမှာ ရှိတဲ့ နိုင်ငံခြားသား အရေအတွက် အထူးသဖြင့် သတင်းထောက်အရေးအတွက်ဟာ တော်တော်လေး နည်းပါတယ်။ အထူးသဖြင့်တော့ ဆီးရီးယား မြောက်ပိုင်းဒေသတွေမှာပါ။” ဇွန်လ အစောပိုင်းတုန်းကလည်း ၀ါရင့် စစ်သတင်းထောက် Didier Francois နဲ့ ဓာတ်ပုံဆရာ အေဒူဝါး ဒေးလီယာဆာ တို့နှစ်ယောက် ဆီးရီးယား မြောက်ပိုင်း မြို့တာ် Aleppo အလက်ပိုကို သွားနေတုန်း အဖမ်းခံခဲ့ရပါတယ်။ အဲဒီလူနှစ်ယောက် အသက်ရှင်နေတုန်းပဲလို့ ပြင်သစ်ဝန်ကြီးချုပ်က ပြင်သစ်ရေဒီယို လိုင်းတခုဖြစ်တဲ့ Europe 1 ကို ပြောပါတယ်။ “Nicolas Henin နဲ့ Pierre Torres တို့ရဲ့ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိုးရိမ်သလို ခံစားရသလို ကျနော်လည်း ခံစားရပါတယ်။ ကျနော်တို့မှာ သူတို့ အသက်ရှင်နေသေးတယ်ဆိုတဲ့ အထောက်အထားရှိပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ သူတို့ လွတ်မြောက်လာဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။ သတင်းသမားကာကွယ်ရေး ကော်မတီ အဆိုအရတော့ ဆီးရီးယားဟာ ကမ္ဘာမှာ သတင်းထောက်တွေအတွက် အန္တရာယ် အများဆုံး နေရာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ အစိုးရနဲ့ သူပုန်အဖွဲ့တွေကြောင့် အနည်းဆုံး သတင်းသမား ၃၉ ယောက်အသက်ခံရပြီး သတ်ပစ်ခဲ့ပြီး ၂၁ ယောက် ပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲခံရတဲ့ သတင်းသမား အများစု ပြန်လွတ်လာသလို တော်တော်များများလည်း ပျောက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up