Home
မြန်မာသတင်း
တိုက်ပွဲကြားက ကွတ်ခိုင်ပြည်သူများ၏ ဆန္ဒပြပွဲ
DVB
·
February 25, 2021
154378412_373132607068072_2249128851673117372_n
153732664_373132790401387_635477274131757907_n
153310149_373132550401411_8604507843161792695_n
153258710_373132737068059_8727248439492385349_n
153056825_373132440401422_1798337022671294896_n
152999348_373132377068095_3894702588369728437_n
154378412_373132607068072_2249128851673117372_n

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ  တိုက်ပွဲ ဖြစ်တာရှိပေမယ့် ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဥ် မနက် ၉ နာရီမှ ၁၂ နာရီထိ ဆန္ဒပြနေကြပါတယ်။

ဦးဆောင်ပါဝင်သူတဦးက "မနေ့က မြို့ပြင်မှာ တိုက်ပွဲဖြစ်သွားလို့ လူနည်းနည်း လျော့သွားတယ်။ မနေ့က ၅၀၀ လောက်ရှိတယ်။ ဒီနေ့ဖေဖော်ဝါရီ ၂၅ မှာတော့ ၃၀၀ လောက်ပဲ ရှိတယ်။ မနက်ဖြန်တော့ လူအများကြီး ပါဝင်ဖို့ ပြင်ဆင်ထားတယ်။" 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့လယ်ပိုင်းက လမ်းလျှောက် သပိတ်စစ်ကြောင်း ချီတက်ရာ အနီးနား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့ပြင် လွယ်ဆမ်ဆစ် တောင်ခြေအနီးတဝိုက် ဖေဖော်ဝါရီ ၂၄ ရက်နေ့လယ်ပိုင်းက တပ်မတော်နဲ့ KIA တို့ ၁၅ မိနစ်လောက်ကြာ တိုက်ပွဲဖြစ်ခဲ့က တိုက်ပွဲ ဆက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက် မူဆယ်ခရိုင်မှာ ဖေဖော်ဝါရီ အတွင်း တီးမရွာ အနီးတဝိုက်နဲ့ ကွတ်ခိုင် အနီးတဝိုက်တွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဖြစ်ပြီး တီးမဘက်က တိုက်ပွဲမှာတော့ အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကြီးမှန် သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

 Pra Jaw

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024