စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်နဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူတွေ ပြဿနာတစုံတရာရှိလာရင် လိုအပ်တဲ့တရားဥပဒေဆိုင်ရာ အကူအညီတွေကို ပေးသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
ဒီအတွက် ပါတီ မြို့နယ်ရုံးအားလုံးကို ပုံမှန်ဖွင့်လှစ်ထားမှာဖြစ်ပြီး မည်သူ့ကိုမဆို လိုအပ်တဲ့ ဥပဒေအကူအညီပေး သွားမယ်လို့ လည်းသိရပါတယ်။
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ တပ်မတော်က အာဏာသိမ်းယူခဲ့တာနဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေထဲမှာ ပထမဆုံး ကန့်ကွက်ခဲ့တဲ့ ပါတီတစ်ခု ဖြစ်ပြီး စစ်ကောင်စီက ကမ်းလှမ်းတဲ့ ရာထူးနေရာတွေကိုလည်း ငြင်းပယ်ထားတဲ့ပါတီ ဖြစ်ပါတယ်။