ဖမ်းဆီးထားသူများအတွက် ကူညီပေးရန် ICRC ရုံးရှေ့ ဆန္ဒပြတောင်းဆို
DVB
·
February 25, 2021
ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအားလုံးနဲ့ ပတ်သက်ပြီး ကြားဝင်ကူညီပေးနိုင်ဖို့အတွက် ဆန္ဒပြသူတချို့ဟာ ရန်ကုန်မြို့မှာရှိတဲ့ ICRC ရုံးရှေ့မှာ သွားရောက်တောင်းဆိုနေပါတယ်။
စစ်တပ်နဲ့ ရဲတွေက ကျည်အစစ်တွေနဲ့ပစ်တယ်၊ စစ်တပ်က မီဒီယာကိုသုံးပြီး ကမ္ဘာကို သတင်းမှားတွေ ဖြန့်နေတယ်၊ ငါတို့ဟာ ICRC ရဲ့ အကူအညီကို လိုအပ်တယ် စတာတွေကို အင်္ဂလိပ်လို ကြွေးကြော်တောင်းဆိုနေကြတာပါ။
မနေ့ကလည်း ဆန္ဒပြခဲ့ကြပြီး ဒီနေ့မှာတော့ လူအင်အား တဖြည်းဖြည်းများလာနေတယ်လို့ ဆိုပါတယ်။