Home
မြန်မာသတင်း
ပြည်ကြီးတံခွန် သင်ပန်းကုန်းရပ်ကွက် ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်
DVB
·
February 25, 2021
154913409_1397262077305218_8082300267207210638_o
154887072_1397262107305215_1737894057649760082_n
154732978_1397262003971892_5692741865874622923_n
154554544_1397262240638535_3817364798817895554_n
154554537_1397262280638531_3369852005020669664_n
154457669_1397262177305208_2423050150052341339_n

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီကနေ ခန့်အပ်တဲ့  အုပ်ချုပ်ရေးမှူးအသစ်အား အလိုမရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ရပ်ကွက်နေလူထုက ကြိုတင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

သင်ပန်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ မနက်ရှစ်နာရီခွဲကစပြီး ရပ်ကွက်နေ လူထုတွေ စုဝေးကာ အုပ်ချုပ်ရေးမှူး လုပ်တဲ့ကောင်-အာဏာရှင်ရဲ့ လက်ကိုင်တုတ်လား၊ အုပ်ချုပ်ရေးမှူး လုပ်ရအောင်- ပြည်သူတွေက တင်မြှောက်လို့လား၊ ဒို့ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးကို - ဒို့ပြည်သူတွေ တင်မြှောက်ကြမယ်၊ အုပ်ချုပ်ရေးမှူး အာဏာရူး-အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သံပုန်းတီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

သင်ပန်းကုန်း ရပ်ကွက်မှ ကိုအောင်ကြီးက "စစ်အာဏာရှင်၊စစ်အစိုးရ ကောင်စီကနေ တင်မြှောက်ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အလိုမရှိတဲ့အတွက် ကျနော်တို့က ဆန္ဒပြခြင်း ဖြစ်ပါတယ်။ ကျနော်တို့က လက်သင့်မခံပါဘူး၊ သင်ပန်းကုန်း ရပ်ရွာသူ ရပ်ရွာသားတွေကလည်း ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူး မဟုတ်တဲ့အတွက် လက်သင့်မခံတဲ့အတွက် လာရောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။

သင်ပန်းကုန်းရပ်ကွက်မှာ ပြည်သူတွေအနေနဲ့ လတ်တလော ကိုယ်ပိုင်အုပ်ချုပ်မှာဖြစ်ပြီး ရပ်ကွက်ရုံးကို ရောက်ရှိလာမယ့် ထွေအုပ်နဲ့အတူ ထွေအုပ် ရုံးစာရေးကိုပါ လက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး အသစ်ဟာ ယခင် ငါးနှစ်တာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပေမယ့် ကြံ့ခိုင်ရေး ပါတီကို ထောက်ခံတဲ့သူ ဖြစ်တာကြောင့် ကန့်ကွက်ကြတာလို့လည်း သိရပါတယ်။

ထိန်ထိန်လင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024