
အာဏာအသိမ်းခံခဲ့ရတဲ့ အရပ်သားအစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားပြီး ဖမ်းဆီး နိုင်ရေးအတွက် သတင်းပေးဖို့ MRTV က ကြေညာသွားပါတယ်။
ဝန်ထမ်းတွေအလုပ်မဆင်းဘဲ အာဏာဖီဆန် CDM လှုပ်ရှားမှုလုပ်ဖို့ လှုံ့ဆော်ညွှန်ကြားတယ်ဆိုပြီး MRTV က မနေ့ညက ကြေညာသွားတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက လတ်တလောမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ရာထူးက ရပ်စဲတာ၊ ရုံးပြန်တက်ဖို့ ဖိအားပေး၊ ခြိမ်းခြောက်တာနဲ့ ဖမ်းဆီး တာတွေ ရှိနေပြီး စာရင်းကောက်နေတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ CDM လုပ်ဆောင်နေ သူ နိုင်ငံဝန်ထမ်းတွေ သောင်းနဲ့ချီ ရှိနေပါတယ်။