စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း ရပ်ကွက်ရုံးတွေမှာ စာလိုက်ကပ်ထားတယ်လို့ သိရပါတယ်။
ရပ်ကွက်နေသူတဦးက “အခု ကျနော်တို့ အောင်ဇေယျရပ်ကွက်က အာဏာသိမ်းကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး လက်မခံပါဘူး။ ဒါကြောင့် ကျနော်တို့ ရပ်ကွက်က ပြည်သူတွေ ကိုယ်ပိုင်အုပ်ချုပ်မယ်။ သူတို့ ခန့်အပ်တဲ့ ဘယ်အုပ်ချုပ်မှူးမှ လက်မခံဘူး။ ဒါကြော င့် ရပ်ကွက်ရုံးမှာ စာကပ်လိုက်တယ်” လို့ ပြောပါတယ် ။
ကလေးမြို့တွင် ရပ်ကွက်ပေါင်း ၂၀ ရှိပြီး ရပ်ကွက် ၁၈ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေလည်း နုတ်ထွက်ထားတယ်လို့ သိရပါတယ်။
အောင်ဆန်းမြင့်