ဆူးလေတွင် တပ်မတော်ထောက်ခံသူများ ဆန္ဒပြ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖယ်ရှားပေး

စစ်အာဏာသိမ်းမှု ၂၅ ရက်မြောက်နေ့ မနက် ၉ နာရီ ဝန်းကျင်မှာ တပ်မတော်ထောက်ခံသူတွေက ဆူးလေမှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။ 

အဲ့ဒီလို လာရောက်ဆန္ဒပြတဲ့အခါမှာ ဆူးလေဘုရားလမ်းပေါ်မှာ တားဆီးထားတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့ဝင်တွေက ၉ နာရီခွဲမှာ ဖယ်ပေးခဲ့ပါတယ်။ 

ဒီရက်ပိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေ ဝင်ရောက်လို့မရအောင် မနက်ကနေ ညနေအထိ ပိတ်ထားတဲ့ အတားအဆီးတွေကို တပ်မတော်ထောက်ခံသူတွေ ချီတက်လာတဲ့အခါမှာ ဖွင့်ပေးခဲ့တာပါ။

တပ်မတော်ထောက်ခံသူတွေ စီတန်းလှည့်လည်တာကို လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကားတွေက ဟွန်းတီးပြီး ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

//
More News
Up