Monday, June 5, 2023
HomeLead Storyကံထူးမတိုက်နယ်ဆေးရုံ ဆရာဝန်နှင့်သူနာပြု‌များ CDM တွင် ပါဝင်ပေးရန် ဆန္ဒပြတောင်းဆို

ကံထူးမတိုက်နယ်ဆေးရုံ ဆရာဝန်နှင့်သူနာပြု‌များ CDM တွင် ပါဝင်ပေးရန် ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ကံထူးမ တိုက်နယ်ဆေးရုံက ဆရာဝန်နဲ့သူနာပြု‌တွေကို CDM မှာ ပါဝင်ပေးဖို့ ဒေသခံတွေက နေ့စဉ် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစပြီး ကံထူးမရွာသူရွာသား ၁၀၀ ကျော်က ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေကြတာပါ။ 

ဒုတိယမြောက်နေ့အဖြစ် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ညနေပိုင်းမှာလည်း ဆက်လက်တောင်းဆိုကြရာ တိုက်နယ်ဆရာဝန်က လူနာတွေကို တာဝန်ယူကုသပေးမဲ့သူမရှိတဲ့အတွက် CDM လုံးဝမလုပ်နိုင်ကြောင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက ဆေးရုံပိတ်ခိုင်းတာမဟုတ်ဘဲ CDM မှာပါဝင်ဖို့ တောင်းဆိုကြတာဖြစ်ကြောင်း အပြန်အလှန်ပြောဆိုနေစဉ်မှာ နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပြီး ဆရာဝန်က မိုက်ကို ပစ်ပေါက်ခဲ့တယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

အဲဒီနေရာကို တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့ ရောက်လာခဲ့ပေမဲ့ ခေါ်ယူစစ်ဆေးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့မနက်ပိုင်းမှာ ဆေးရုံပိတ်ထားတဲ့အတွက် တက်ရောက်ကုသနေဆဲ လူနာတွေကို ဆက်လက်ကုသနိုင်ဖို့ CDM လုပ်နေတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ပရဟိတ ဆေးခန်းတခု ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

အောင်စံလင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular