မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီးအပါအဝင် ၅ ဦး အကျယ်ချုပ်မှ ပြန်လွတ်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်​ရဲ့ ဇနီး ဒေါက်တာယုယုမေနဲ့ မိသားစုဝင်တွေကို အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိပါတယ်။

ပြန်လွတ်လာသူတွေအထဲမှာ ဒေါက်တာဇော်မြင့်မောင်​ရဲ့ ဇနီး ဒေါက်တာယုယုမေ အပါအဝင် ၅ ယောက်ပါဝင်တယ်လို့  မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်​ကိုတော့ အာဏာသိမ်းစစ်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အောင်မြေသာစံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီး ဖမ်းဆီးထားပါတယ်။

//
More News
Up