
မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဝန်ထမ်းအယောက် ၃၀ ကို ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ တာဝန်က ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကာယကံရှင်တွေ လက်ထဲကို အဲဒီစာတွေ ရောက်လာတယ်လို့ ကိုယ်စလှယ်တစ်ဦးဆီက သိရပါတယ်။
တာဝန်ယာယီ ရပ်ဆိုင်းခံခဲ့ရတဲ့အထဲမှာ ဒုဦးစီးမှူးအဆင့် ၄ ဦး၊ အကြီးတန်းစာရေးအဆင့် ၆ ဦး၊ အငယ်တမ်းစာရေးအဆင့် ၁၅ ဦး၊ ယာဉ်မောင်း ၃ ဦး၊ သန့်ရှင်းရေး ၁ ဦး၊ ဥယျာဉ်လုပ်သား ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
တာဝန်ယာယီရပ်ဆိုင်းခံရသူတွေဟာ ဖဲကြိုးနီလှုပ်ရှားမှု၊ CDM လှုပ်ရှားမှုတို့ကို လူမှုကွန်ရက်မှာ တင်ခဲ့သလို အကြောင်းမဲ့ အလုပ်မလာကြောင်း အကြောင်းပြချက်နဲ့ စာအမှတ် ၁၇/၂၀၂၁နဲ့ ၁၈/၂၀၂၁ မှာ ထုတ်ပြန်ထားပါတယ်။
မင်းထီး