Home
မြန်မာသတင်း
ဧရာဝတီတိုင်း လွှတ်တော်ရုံးဝန်ထမ်း ၅ ဦးကို Support CDM Team က လစာထောက်ပံ့
DVB
·
February 25, 2021
152435680_1057364054747937_6766769633595989021_n

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တာကြောင့် အလုပ်နားခံရတဲ့ ဧရာဝတီတိုင်းလွှတ်တော်ရုံး ဝန်ထမ်း ၅ ဦးကို Support CDM Team က လစာထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၅ ဦးဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲပါ အမိန့်စာနဲ့ အလုပ်တာဝန်တွေကနေ ရပ်နားခံခဲ့ရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အလုပ်ကနေ ယာယီရပ်နားခံလိုက်ရတဲ့ ဝန်ထမ်း ၅ ဦးကို Support CDM Team က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သွားရောက်ပြီး သူတို့ရဲ့ပုံမှန် ရရှိတဲ့ လစာအတိုင်း ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

"ပုံမှန်ရတဲ့ လစာအတိုင်းရပါတယ်၊ မနေ့ကစပြီး အလုပ်ရပ်နား ခံလိုက်ရတဲ့ ဝန်ထမ်းအကုန်လုံးကို ပေးတာပါ။ ခုလိုမျိုး ထောက်ပံ့ ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ အလုပ်ကနေ ယာယီရပ်နားခံခဲ့ရသူ တစ်ဦးက DVB ကို ပြောပါတယ်။

CDM မှာ ပါဝင်ခဲ့လို့ အလုပ် ရပ်နားခံရသူတွေကတော့ စာရေး ၂ ဦး၊ ရုံးအကူနဲ့ အထွေထွေ လုပ်သား ၂ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ CDM ပါဝင်လို့ အလုပ်ရပ်နားခံရတဲ့ လွှတ်တော်ရုံးဝန်ထမ်း ၅ ဦးအပြင် ကျေးလက် ဦးစီးဌာနက အင်ဂျင်နီယာနဲ့ သန့်ရှင်းရေးဝန်ထမ်းတို့ကို Support CDM Team အနေနဲ့ လစာထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024