ပြည်တွင်းထုတ် မြန်မာဘီယာ ရခိုင်ပြည်နယ်တွင် ဖမ်းဆီး
DVB
·
October 10, 2013
ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မြန်မာစည်ဘီယာနဲ့ အခြားဘီယာမျိုးစုံ တန်ဖိုး ကျပ် ၂၇ သန်းကျော်ဖိုး ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံထားရတယ်လို့ မြန်မာဘရူဝါရီ လီမိတက် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာဘီယာ ပုလင်း ကာတွန်ပေါင်း ၅၀၀၊ စည်ဘီယာ ၁၀၄ လုံး၊ တိုက်ဂါးစည်ဘီယာ အလုံး ၂၀၊ နဲ့ အေဘီစီစတောက်ဘီယာ၊ Double Strong ဘီယာတွေ ပါဝင်ပြီး အားလုံးဟာ စစ်တပ်ပိုင် မြန်မာဘရူဝါရီ လီမိတက်က ထုတ်လုပ်တာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ ဘီယာထုတ်လုပ်ငန်း လုပ်ကိုင်တဲ့ ၁၆ နှစ်တာကာလအတွင်း ပြည်တွင်းမှာ ဖမ်းဆီး ရုံးတင်တရားစွဲခံရတာ ဒါ ပထမဦးဆုံးပဲလို့ ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ မျှောစာမပါတဲ့အတွက် ဖမ်းဆီးတာလို့ ဆိုကြောင်း သိရပါတယ်။