Home
မြန်မာသတင်း
မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဆက်လုပ်၊ မြို့နယ်လုံးကျွတ်ညီလာခံ ကျင်းပမည်
Aung Ko Latt
·
February 24, 2021

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပင်မသပိတ်ကော်မတီက ဦးဆောင်တဲ့ လူထုတိုက်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆက်လက်ပြုလုပ်နေပါတယ်။

အာဏာသိမ်းစစ်တပ်ဦးဆောင်တဲ့ စစ်ကောင်စီအစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင် လိုတဲ့ CDM ဝန်ထမ်းတွေ၊ အနည်းငယ်သော ရဟန်းသံဃာတွေ၊ ကျောင်းသားကျောင်းသူတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ သောင်းနဲ့ချီကာ လူထုသပိတ်မှာ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။ 

ဒီနေ့မှာတော့ မုံရွာမြို့က နာမည်ကြီး ချင်းတွင်းဒိုးအဖွဲ့ကလည်း သပိတ်စစ်ကြောင်းကို လာရောက်ကာ သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်မှုအကြောင်း ရေးစပ်သီကုံးထားတဲ့ သီချင်းတွေကို တီဆိုတီးမှုတ်ခဲ့ကြပါတယ်။ 

ဒါ့အပြင် ကြားဖြတ်ကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြို့နယ်လုံးကျွတ်ညီလာခံကိုလည်း ပြုလုပ်သွားမယ်လို့ သပိတ်ကော်မတီက ကြေညာထားပါတယ်။

အောင်ကိုလတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024