DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ ၂၀ ကျော် အမှုဖွင့် အရေးယူခံရ
DVB
·
February 24, 2021
မကွေးတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ ၂၀ ကျော် အမှုဖွင့် အရေးယူခံရ
Donate to DVB

မကွေးတိုင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ အယောက် ၂၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "မကွေးတိုင်း အတွင်းမှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ သူတွေကို လိုက်လံဖမ်းဆီး နေပြီးတော့ ဦးဆောင်သူ ၂၀ ကျော်လောက်ကို ပုဒ်မ ၅၀၅-က(ဂ)နဲ့ အမှုဖွင့် အရေးယူထားတယ်"လို့ ပြောပါတယ်။

ဒီဥပဒေကို အာဏာသိမ်း စစ်ကောင်စီကနေ ဖေဖော်ဝါရီ ၁၄ ရက်မှာ အသစ်ပြင်ဆင်အစားထိုးလိုက်တာ ဖြစ်ပြီးတော့ မည်သူမဆို အစိုးရဝန်ထမ်းတစ်ဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်း အမျိုးအစား တစ်ရပ်ကို ဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ၊ ပြစ်မှုကျူးလွန်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ(သို့မဟုတ်)ထိုသို့ ကျူးလွန်ရန် အကြံရှိပြီး လှုံ့ဆော်လျှင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ဂ) နဲ့ အရေးယူရမယ်လို့ ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာလို့ သိရပါတယ်။

အဲဒီဥပဒေဟာ ရဲအရေးပိုင်တဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ဒဏ်ငွေကို ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်းအတွင်း ဆန္ဒပြရာမှာ ဦးဆောင်တဲ့ ဦးနေမျိုးကျော် အပါအဝင် ၈ ဦး ထက်မနည်းလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့အရေးယူခံထားရပါတယ်။

ဒါ့အပြင် ညမထွက်ရ အမိန့်ချိုးဖောက်တဲ့သူတွေကိုလည်း အရေးယူထားသလို ဆန္ဒပြရာမှာ ဦးဆောင်တဲ့သူတွေကို လိုက်လံ ဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013