Monday, June 5, 2023
HomeLead Storyဧရာဝတီတိုင်းလွှတ်တော်ရုံးက CDM ဝန်ထမ်း ၅ ဦး အလုပ်ရပ်နားခံရ

ဧရာဝတီတိုင်းလွှတ်တော်ရုံးက CDM ဝန်ထမ်း ၅ ဦး အလုပ်ရပ်နားခံရ

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်း ၅ ယောက်ကို  ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲပါ အမိန့်စာနဲ့ အလုပ်တာဝန်တွေကနေ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

အလုပ်ကနေ ယာယီရပ်နားလိုက်တယ်လို့ ဖော်ပြထားတဲ့ အမိန့်စာမှာ တာဝန်ချိန် ပျက်ကွက်တာနဲ့ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် လက်မှတ်ထိုးကာ အလုပ်တာဝန်ကနေ ရပ်စဲလိုက်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

“CDM လုပ်တာပါ။ တရားမဝင်တဲ့ အစိုးရအောက်မှာ အလုပ်မလုပ်ချင်ဘူး၊ ထွက်သမျှအမိန့်ကိုလည်း မနာခံနိုင်ဘူး၊ အလုပ်ပြုတ်လည်း ဘာမှမဖြစ်ပါဘူး” လို့ အလုပ်ကနေ ယာယီရပ်နားခံခဲ့ရသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးက CDM (စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုအာဏာဖီဆန်ရေး ကမ်ပိန်း) ပါဝင်ခဲ့လို့ အလုပ်ရပ်နားခံရသူတွေကတော့ စာရေး ၂ ဦး၊ ရုံးအကူနဲ့ အထွေထွေလုပ်သား ၂ ဦးတို့ဖြစ်ပြီး အလုပ်တာဝန်ရပ်နားခံရတဲ့နေ့တွေကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီဘူးလို့ ဆိုပါတယ်။

CDM လုပ်ခဲ့တဲ့ လွှတ်တော်ရုံးဝန်ထမ်း ၅ ဦးကို တာဝန်ထမ်းဆောင်ဖို့ ဆက်သွယ်ခဲ့ပြီး ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) အရ တာဝန်က ရပ်စဲခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က CDM မှာ ပါဝင်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ၂၆ ဦးကို  အာဏာသိမ်း စစ်အစိုးရက  အလုပ်တာဝန်က ရပ်နားခဲ့ပါတယ်။

မင်းထက်မုန်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular