ကွတ်ခိုင်မြို့နယ်၌ စစ်သားများတင်လာသည့်ကား ၁ စီး ပစ်ခတ်ခံရ
ခွန်ဇော်ဦး
·
February 23, 2021
မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမပေါ် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာနဲ့ နောင်ဆွေကျေးရွာအကြားမှာ တပ်မတော်သားတွေ တင်ဆောင်ခဲ့တဲ့ ဖိုးဝီးကားတစ်စီး ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကြားက ရှုခင်းသာအနီးမှာ တပ်မတော်နဲ့ KIA တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်မှုတွေရှိပေမဲ့ လတ်တလော ပြည်ထောင်စုလမ်းမပေါ်မှာ ယာဉ်တွေ အသွားအလာမပျက် ရှိနေပါတယ်။