ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်လ်ဒီပါတီ ဌာနချုပ်ရုံး ဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီး ဗဟန်းရဲစခန်းက စစ်ချက်ယူတာ သက်သေခံတွေယူတာအပြင် ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်မလုပ်ရင် ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်ထဲရေး အဆင့်ဆင့် တိုင်ကြားသွားမယ်လို့ အန်အယ်လ်ဒီ တာဝန်ရှိသူက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် အဖွဲ့ချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်ရှိ အန်အယ်လ်ဒီပါတီ ဗဟိုဌာနချုပ်ရုံးကို ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်ဝတ်စုံနဲ့ ရဲဝတ်စုံ ဝတ်ထားသူတွေ၊ အရပ်ဝတ်နဲ့သူတွေ ၁၅ ယောက် လာရောက်ပြီး သော့ဖျက်ဝင်ရောက်ကာ ၊ CCTVမှတ်တမ်းတချို့ပါ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
သတင်း/ဓာတ်ပုံ-ညီငယ်