ဖမ်းဆီးခံ ပြည်ထောင်စုဝန်ကြီး ၄ ဦးပြန်လွတ်
DVB
·
February 23, 2021
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းတို့ ပြန်လည်လွတ်မြောက်လာပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အားလုံး ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။