Home
မြန်မာသတင်း
မန္တလေးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ ကိုသက်နိုင်ဝင်း၏ ဈာပန ကျင်းပ
DVB
·
February 23, 2021
153149507_1395994560765303_7500030693171213892_o
152704483_1395995287431897_3756821513512964490_o
152611978_1395995384098554_7527242664504429506_o
152497153_1395994614098631_7803203693156227045_o
152348005_1395994997431926_4109894720362945317_o
152187570_1395995467431879_597134038100203461_o
152089746_1395994787431947_4601406983146280442_o
152028990_1395994684098624_6356559976050178707_o
151892166_1395994910765268_3687665921961609894_o
151839566_1395995107431915_8764870640720750696_o

မန္တလေးမြို့ ကမ်းနားလမ်းမှာ စစ်တပ်က ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ရတဲ့ ကိုသက်နိုင်ဝင်းရဲ့ ဇနီးဖြစ်သူက  ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ ပြန်လည် လွတ်မြောက်လာပါက ဥပဒေအရ တရားစွဲဆိုဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

"ပြည်သူတွေ တင်ထားတဲ့ သမ္မတက တရားမျှတစွာဆုံးဖြတ်ပေးစေချင်ပါတယ်။ စစ်အာဏာရှင်ကြီး ကျဆုံးသွားရင် အစ်မလည်း အမှုတွေ ဘာတွေ ဖွင့်မှာပါ" လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မန္တလေးမြို့၊ ၄၁လမ်းနဲ့ ကမ်းနားလမ်း ဖြစ်စဉ်မှာ စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် အသက်၃၇ နှစ်အရွယ် ကို‌သက်နိုင်ဝင်း ခေါ် ကိုမင်းဟာ ‌နံကြားထဲကနေ ကျည်ဖောက်ထွင်းကာ အသည်းကို ထိပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

သူ့ရဲ့ ဈာပန အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်၁၀ မှာ အိမ်ကနေ အေးရိပ်ငြိမ် သုဿာန်သို့ပို့ဆောင်ခဲ့ပြီး လူမှုကူညီရေး အသင်းအဖွဲ့ လူနာတင်ယာဉ်တွေနဲ့ အတူ ဆိုင်ကယ် အစီးရေ ရာချီ၊လူဦးရေ ထောင်ချီကာ လိုက်ပါပို့ဆောင်ပေးကြပါတယ်။

အဲ့ဒီနေ့က ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ကိုဝေယံထွန်းနဲ့ အတူ အသက်၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်းတို့ နှစ်ဦးကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်စဉ်အတွင်းမှာပဲ လူ ၇၀ကျော် ဖမ်းဆီးခံထား ရတယ်ပါတယ်။

ထိန်ထိန်လင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024