အာရှဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူပေါင်း ၁၁ သန်းကျော်ရှိလာခဲ့ပြီး ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၁၅၆,၄၇၀ ယောက်နဲ့ ရောဂါပြန်လည်သက်သာလာသူအရေအ တွက် ၁၀ ဒသမ ၇ သန်းကျော် ရှိနေ တာပါ။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၂ သန်း ကျော်ရှိနေပြီး သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၄၈ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၈၇ ဒသမ ၄ သန်းကျော် ရှိနေ တာပါ။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၈ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျေိာ်နဲ့ ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ရှိနေတာ ဖြစ်ပါတယ်။
တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ သန်း ကျော်၊ သေဆုံးသူ ၂ သိန်း ၄ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံ အနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်း ကျော်စီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ အီတလီ၊ တူရကီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ပီရူး၊ ချက်သမ္မတနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရော ဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၈၄၂ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၄ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနိုင်ငံက ရောဂါကူး စက်ခံရသူဦးရေ ၇ သိန်းခွဲကျော်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်း ၇ သောင်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၁၂,၀၉၄ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၂၂ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၁,၇၆၁ ယောက်၊ သေဆုံး သူ ၃,၁၉၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၃၁,၃၁၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၈၅,၇၆၁ ယောက်နဲ့ သေဆုံးသူ ၁,၀၆၂ ယောက် ရှိပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၈၇၉ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၅,၅၀၄ ယောက်နဲ့ သေဆုံးသူ ၈၃ ယောက် ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၃၉၂ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၅ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၅၆၈ ယောက်နဲ့ ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။