A d v e r t i s e m e n t With Us

စစ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဘီလီယံကျော် လျော့ကျ

မြန်မာနိုင်ငံရဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုပမာဏဟာ စစ်အုပ်ချုပ်ရေးကာလ ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ  နှစ်ပတ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ  ၂ ဒသမ ၃၄၅ ဘီလီယံကျော် လျော့ကျသွားပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပုံမှန်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့နှစ် ဒီကာလအတွင်းမှာ ကုန်သွယ်မှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံကျော် ရှိပါတယ်။ ဒီနှစ်မှာတော့ ကန်ဒေါ်လာ ၁၁ ဒသမ ၉၈၇ ဘီလီယံကျော်သာ ကုန်သွယ်မှု ပြုထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

ပင်လယ်ရေကြောင်းကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်မျိုးလုံးမှာ ကုန်သွယ်မှု လျော့ကျနေတာ ဖြစ်ပြီးတော့၊ ပို့ကုန်ပိုင်းရော၊ သွင်းကုန်ပိုင်းမှာပါ လျော့ကျခဲ့တာပါ။

ပို့ကုန်ပိုင်းမှာ လယ်ယာထွက်ပစ္စည်းကလွဲရင် ကျန်ကဏ္ဍအားလုံးမှာ တင်ပို့မှု လျော့ကျခဲ့တာဖြစ်ပြီး၊ သွင်းကုန်ပိုင်းမှာလည်း ကဏ္ဍအားလုံးမှာ တင်သွင်းမှု လျော့ကျနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ ပြည်ပ နိုင်ငံပေါင်း ၂၃၀ ကျော်နဲ့ ကုန်သွယ်မှု ဆောင်ရွက်နေတာဖြစ်ပါတယ်။

စိုးချစ်ချစ်ပိုင်

A d v e r t i s e m e n t With Us

More News
Up