တောင်ကိုရီးယား သံတမန်အဖွဲ့ အာဇာနည်ဗိမာန်တွင် ပန်းခွေချ
DVB
·
October 9, 2013
မြောက်ကိုးရီးယားအကြမ်းဖက်သမားများ လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်နဲ့ သံတမန်တွေရဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး တောင်ကိုရီးယား သံတမန်အဖွဲ့တွေက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်နဲ့ အဖွဲ့ အာဇာနည်ဗိမာန်ကို လာရောက်လည်ပတ်စဉ်မှာ မြောက်ကိုးရီးယားအကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့တာဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/South Korea09102013/]