A d v e r t i s e m e n t With Us

မကွေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး အဖမ်းခံရ

မကွေးမြို့ ဆုံရပ်ကွက်မှာနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၈ နာရီ သံပုံးတီးတဲ့အချိန် လာရောက်ဖမ်းဆီးသွားတယ်လို့ NLD ပါတီ တာဝန်ရှိသူဆီက သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာတော့ မကွေးမြို့ ကရာတေးအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ ဗမာ့နွေဦးတော်လှန်ရေး အဖွဲ့တွေအပြင် မကွေးတက္ကသိုလ်ရှေ့မှာ အထိုင်သပိတ်ပြုလုပ်ပြီး ဂီတ ပညာရှင်တွေက ဖျော်ဖြေမှုတွေနဲ့ ဆန္ဒပြခဲ့ကြသလို အသွင်သဏ္ဌာန်မျိုးစုံနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်း လွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြနေကြတာပါ။

မင်းထီး

A d v e r t i s e m e n t With Us

More News
Up