A d v e r t i s e m e n t With Us

ပူတာအို ဆန္ဒပြပွဲ ဦးဆောင်မှုဖြင့် လူငယ် ၅ ဦးကို စစ်တပ်က ဖမ်းဆီး

ကချင်ပြည်နယ် ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်တယ်ဆိုပြီး လူငယ် ၅ ဦးကို နိုဝင်ဘာ ၂၀ ရက် ည ၁၀ နာရီလောက်မှ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝရမ်းထုတ် ဖမ်းဆီးခံရသူ လူငယ်ခေါင်းဆောင်တွေကတော့ ကိုဖေနောင်းအောင်၊ ကိုအောင်ဒီး၊ ကိုရမ်ဆိန်း၊ ကိုဆင်ဝါး၊ ကိုဖီးနန်​တို့ပဲ ဖြစ်ပါတယ်။ 

သူတို့ဟာ ဒေသဖွံ့ဖြိုးရေးကို တက်ကြွစွာလုပ်ဆောင်နေတဲ့ လူငယ်တွေဖြစ်ပြီး ဖမ်း၀ရမ်းထုတ်ခံရတာကြောင့် ပုန်းရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်‌စေ့စပ်ညှိနှိုင်းရေးအဖွဲ့ PCG ကို ချိတ်ဆက်အကူအညီ တောင်းခံထားပြီး ဖမ်းဆီးခေါ်ဆောင်သွား‌တဲ့နေရာကို မသိရှိရသေးဘူးလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up