Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ရထားပြန်ဆွဲရန် CDM တွင်ပါဝင်သူ ဝန်ထမ်းများကို ဖိအားပေး
DVB
·
February 20, 2021
151794433_1928744607263762_2422283465652508470_n
151660097_1928744763930413_4871832876096813007_n
151614624_1928744853930404_6406021163213349555_n
151660097_1928744763930413_4871832876096813007_n

စစ်အာဏာသိမ်းပြီး နောက်ရက်ကစလို့ CDM မှာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ရပ်တန့်ထားရတဲ့ ရထားခရီးစဉ် ပြန်ပြေးဆွဲနိုင်ဖို့ ဧရာဝတီတိုင်း မီးရထားဝန်ထမ်းတွေ အလုပ်ပြန်လုပ်ဖို့ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ကစလို့ တိုင်းအတွင်း ပြေးဆွဲနေတဲ့ မီးရထားတွေ ရပ်တန့်သွားခဲ့ကြတာပါ။

တိုင်းအတွင်း ဘူတာအချို့ကို ဧရာဝတီတိုင်းမီးရထား တိုင်း (၉) မန်နေဂျာက စာရင်းစစ်ရင်း အလုပ်ပြန်လုပ်ဖို့နဲ့ မီးရထားတွေ ပုံမှန်ပြေးဆွဲဖို့ ညှိနိုင်းဖိအားပေးနေတာဖြစ်ပါတယ်။

အင်္ဂပူမြို့နယ် ထူးကြီးမြို့ခံတစ်ဦးကတော့ "နေ့တိုင်း ၉ မန်နေဂျာလာတယ်။ စာရင်းစစ်မယ်ဆိုပြီး မီးရထားက CDM ပါတဲ့ဝန်ထမ်းတွေကို ဖိအားပေးနေလို့။ ကျနော်တို့က လူငယ်တွေစုပြီး ဘူတာမှာ ဝန်ထမ်းတွေရော၊ မန်နေဂျာပါ CDM မှာ ပါဝင်ပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်" လို့ ပြောပါတယ်။

ဟင်္သာတမြို့ မီးရထားဝန်းထဲမှာရှိတဲ့ CDM မှာ ပါဝင်တဲ့ မီးရထားဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအဆင်ပြေဖို့ ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး မြို့တွင်းစေတနာရှင်တွေ ပရဟိတသမား တွေက ဆန်ဆီဆားအစရှိတဲ့စားသောက်ကုန်တွေကို လှူဒါန်းနေကြပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ပုသိမ်-ဟင်္သာတ-ကြံခင်းခရီးစဉ် အစုန်အဆန် စာပို့ ရထားဆိုပြီး ပြေးဆွဲနေတာပါ။ 

မီးရထားလမ်းတလျောက် ဘူတာတချို့ကတော့ ရာနူန်းပြည့် CDM မျာ ပူးပေါင်းမှု မရှိဘူးလို့ လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024