DVB Logo
Home
မြန်မာသတင်း
ဗေဒင်ဆရာ လင်းညို့တာရာနှင့် တွေ့ခွင့်မရသဖြင့် မိသားစုဝင်များ စိုးရိမ်နေ
DVB
·
February 20, 2021
ဗေဒင်ဆရာ လင်းညို့တာရာနှင့် တွေ့ခွင့်မရသဖြင့် မိသားစုဝင်များ စိုးရိမ်နေ
1 / 2
Donate to DVB

ဗေဒင်ဆရာ လင်းညို့တာရာကို ဖမ်းသွားတဲ့နေ့ထဲကစပြီး ခုထိ ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရသေးဘဲ မိသားစုဝင်တွေ တွေ့ခွင့်မရတဲ့အတွက် စိုးရိမ်နေကြတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းမှာ တောင်ဥက္ကလာပမြို့နယ်ဒင်ဆရာ လင်းညို့တာရာကို နေထိုင်ရာ နေအိမ်ကနေ ဖယောင်းတိုင်မီးထွန်းတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာ မသိရသေးဘူးလို့ ဗေဒင်ဆရာအမှုကို လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဒေါ်ဝေမျိုးသစ်က ပြောပါတယ်။

“အမှုက ၅၀၅(ခ) နဲ့ စွဲတယ်လို့ပြောပေမဲ့ ဖမ်းတဲ့နေ့က ရုံးပိတ်ရက် ၃ ရက်ခံသွားတော့ တနင်္လာနေ့ ရုံးထုတ်မယ်ထင်ပြီး ရဲစခန်းသွားစောင့်တာ။ ကျမရဲ့ အမှုသည်နဲ့ပတ်သက်ပြီး သတင်းဘာမှအစအန မရပါဘူး။ သူ့ရဲ့မိသားစုဝင်တွေကလည်း အရမ်းစိတ်ပူနေကြတယ်။ ကျန်းမာရေးအရ နှလုံးရောဂါ ရှိပြီး အောက်ဆီဂျင်ပေးမှ အသက်ရှူရတာကြောင့် ဝေးကွာပြီး သတင်းမရတာရယ်၊ ပေးလိုက်တဲ့ ဆေး ၂ ရက်စာကလည်း ကုန်သွားတဲ့အတွက် အဆင်ပြေလားဆိုတာနဲ့ ရောဂါအခံရှိသူ ဖြစ်တော့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက အရမ်းစိတ်ပူနေကြပါတယ်။ မိသားစုဝင်တွေက တောင်ဥက္ကလာရဲစခန်းကို သွားပြီးမေးတော့လည်း စခန်းမှာ ထိန်းသိမ်းထားတာ မရှိဘဲ စခန်းဘက်က အထက်အမိန့်အရ ပြောခွင့်မရှိဘူး ပြောပါတယ်။ ခုထိ ဘာမှသေချာ မသိရသေးတဲ့ အနေအထားမို့ ရှေ့နေရော အမှုသည်မှာပါ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးနေပါတယ်။ အမှုသည်အတွက် အမှုသွားအမှုလာ ရမန်ယူဖို့ကိစ္စတွေ လုပ်ဖို့ ဘယ်မှာ ထိန်းသိမ်းထားမှန်း မသိရသေးတာဖြစ်လို့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေတာနဲ့ ဒီကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျတယ်”လို့ ဗေဒင်ဆရာ လင်းညို့တာရာရဲ့ ရှေ့နေက ပြောပါတယ်။

ပုဒ်မ ၅၀၅(ခ) အမှုဟာ ပြစ်ဒဏ် ၂ နှစ် သတ်မှတ်နိုင်တဲ့အမှုအမျိုးအစား ဖြစ်ပေမယ့် ဗေဒင်ဆရာ လင်းညို့တာရာအတွက် ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမှန်း မသိတာကြောင့် လက်ရှိအနေအထားအရ ဥပဒေအရ စီစဉ်နိုင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ သိရပါတယ်။

မေစုလှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013