ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာအိုး (ဓာတ်ပုံ)
DVB
·
October 8, 2013
ပြည်ပမှာရော၊ မြန်မာပြည်မှာပါ ထင်ရှားတဲ့ ၀ိပဿနာတရား နည်းပြဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာအိုးကို မိသားစုဝင်တွေက ဗိုလ်တထောင်ဆိပ်ကမ်းကနေ ရန်ကုန်မြစ်အတွင်း ဒီနေ့ မျှောချခဲ့ပါတယ်။
ဆရာကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က နေအိမ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးနောက် အရိုးပြာအိုးကို မြန်မာနိုင်ငံ ပြန်လည်သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီး ဦးဂိုအင်ကာဟာ ဆရာကြီးဦးဘခင်ရဲ့ နည်းလမ်းကိုယူပြီး အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းစတဲ့နိုင်ငံတွေမှာ ဘုရားတည်၊ ကျောင်းဆောက်၊ တရားစခန်းတွေဖွင့်လှစ်ကာ ၀ိပဿနာ ပြန့်ပွားရေးနဲ့ သာသနပြုလုပ်ငန်းတွေ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ဝိပဿနာကျင့်စဉ်တွေကို တပည့် ၈၀၀ လောက်နဲ့ နှစ်စဉ် ကမ္ဘာအရပ်ရပ်က လူပေါင်း ၁ သိန်းလောက်ကို ပို့ချပေးနေတာဖြစ်ပြီး အကျဉ်းထောင်တွေထဲကိုလည်း သွားရောက်ကာ ထောင်သားတွေဆီ ဗုဒ္ဓရဲ့ တရားဓမ္မတွေ အရောက်ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် အသောကမင်းကြီးရဲ့ ကျောက်စာပြန်တမ်းဘာသာပြန်နဲ့ ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ စာအုပ်ထုတ်ဝေထားပါတယ်။
ဆရာကြီး ဦးဂိုအင်ကာကို ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့မှာ မွေးဖွားခဲ့ တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီ ဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Goingar/]