A d v e r t i s e m e n t With Us

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်သွားသည့်လမ်း ရှာဖွေရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်သွားတဲ့လမ်းကို ရှာဖွေရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်မစ်နစ်ရပ်ဘ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောဆိုပါတယ်။ 

အရပ်သားအစိုးရကို ဖြုတ်ချတဲ့အတွက်  ဗြိတိန်အစိုးရက မြန်မာဗိုလ်ချုပ်ကြိးတွေကို ဒဏ်ခတ်အရေးယူပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို တာဝန်ခံခိုင်းရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြိး ရပ်ဘ်က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို အနောက်နိုင်ငံတွေကလည်း ပြစ်တင်ရှုတ်ချထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်အစိုးရက မြန်မာစစ်ခေါင်ဆောင်တွေအပေါ် အရေးယူဒဏ်ခတ်တာတွေ ချမှတ်ပြိးနောက် ဗြိတိန်နဲ့  ကနေဒါ နှစ်နိုင်ငံစလုံးက ဒဏ်ခတ်မှုတွေကို ကြေညာခဲ့ပါတယ်။ 

မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ပိုင်ဆိုင်မှု သိမ်းဆည်းတာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်တာတွေ ချမှတ်မယ်လို့ ဗြိတိန်က ကြေညာပြီး စစ်ဘက်အရာရှိ ၉ ဦးကို အရေးယူသွားမယ်လို့ ကနေဒါက ကြေညာပါတယ်။ 

မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဗြိတိန်အစိုးရက  အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို  အရေးယူဒဏ်ခတ်တာတွေ လုပ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up