A d v e r t i s e m e n t With Us

မိုင်းပန်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ဘုရားဆွမ်းကပ်ပြီးပြန်လာသူ ရွာသား ၁ ဦး ကျည်ဆန်ထိ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် ပန်ပီးဒေသမှာ ရှမ်းပြည်တပ်မတော်တောင်းပိုင်း RCSS လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား တစ်ယောက် သေနတ်မှန်ပြီးသေဆုံးခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၉ ရက်မနက် ၉ နာရီလောက် ရွာသားတွေ ဘုရားဆွမ်းတော်လာကပ်ရာချိန် မြန်မာတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပစ်ခတ်မှုဖြစ်ပွား ပြီး ရွာသား ခွန်စု ကျည်ထိမှန်သွားတာပါ။

ပန်ပီးဒေသခံရွာသားတစ်ဦးက “ရွာသားတွေက ဒီနေ့ဥပုဒ်နေ့ဆိုတော့ ဆွမ်းတော်သွား ကပ်တာ၊ တပ်နဲ့ရှမ်းအဖွဲ့က ဘယ်လို ထိတွေ့တာလည်းမသိဘူး ရွာသားတွေ ဘာမှမသိဘူး သေနတ်သံတွေကြားနေတာပေါ့။ ဘယ်သူက ပစ်တာလဲမသိဘူး သိတဲ့အချိန်မှာ ဗိုက်ကျည်မှန်သွားပြီ”လို့ ပြောပါတယ်။

ရွာသား ခွန်စုဟာ သူ့ညီနဲ့ နှစ်ယောက် ဘုရားဆွမ်းတော်ကပ်ပြီးအပြန်မှာ သေနတ်ကျည်ဆန်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူ သေနတ်မှန်လို့ ညီဖြစ်သူက ရွာသားကိုသွားပြီးအကြောင်းကြားကာ ပြန်လာတဲ့ အချိန် အသက်မရှိတော့ဘူးလို့ ရွာသားတွေကပြောပါတယ်။
ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up