စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ရန်ကုန် မီးရထားဝန်ထမ်းများ ဆန္ဒထုတ်ဖော်
DVB
·
February 19, 2021
ဒီမိုကရေစီအစိုးရဆီကနေ အာဏာသိမ်းယူထားတဲ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရန်ကုန်တိုင်း မြန်မာ့မီးရထားဌာနတွေက ဝန်ထမ်းအများအပြား CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ရန်ကုန်မြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက နိုင်ငံတော်သမ္မတဦးဝင်းမြင့် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးဖို့၊ စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ရေး စတဲ့ အချက်တွေ ကြွေးကြော်ခဲ့ကြပါတယ်။
Photo - Lin Thu Rain Kyaw / MPA