ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျောင်းသားထုအစည်းအဝေးကို ဒီနေ့ မနက်ပိုင်း ၁၀ နာရီကနေ နေ့လယ် ၁ နာရီခွဲအထိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
လှုပ်ရှားမှုနေရာစုံမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကြား အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် စုစည်းပြီး တော်လှန်ရေးလုပ်ငန်းစဉ်တွေကို စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ဖို့အတွက်လို့ ဆိုပါတယ်။
ဒီအစည်းဝေးမှာ နိုင်ငံတော်အာဏာကို မတရားလုယူထားတာနဲ့ ပတ်သက်ပြီး ကျောင်းသားထုတွေက အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကျင်းပနေတုန်း မနက် ၁၁ နာရီ ၁၅ မိနစ်မှာ စစ်အာဏာရှင်လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်း၊ ဂုဏ်ပြုခဲ့ပါတယ်။