Saturday, June 10, 2023
HomeLead Storyကျောက်ကြီး၊ ကျောက်တံခါးနှင့် ဖြူးတွင် စစ်အာဏာသိမ်းဆန့်ကျင်မှု အရှိန်မြှင့်

ကျောက်ကြီး၊ ကျောက်တံခါးနှင့် ဖြူးတွင် စစ်အာဏာသိမ်းဆန့်ကျင်မှု အရှိန်မြှင့်

ပဲခူးတိုင်းအတွင်းက ကျောက်ကြီး၊ ကျောက်တံခါး နဲ့ ဖြူးမြို့နယ်တွေမှာ ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာနေကြပါတယ်။

ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ ကညွတ်ကွင်းမြို့မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြမှုကို ထိုင်သပိတ်အနေနဲ့ ဆန့်ကျင်ဆန္ဒပြနေတာဖြစ်ပြီး ဖြူးမြို့မှာတော့ ဆိုင်ကယ်တွေနဲံ လှည့်လည်ဆန္ဒပြနေကြပါတယ်။

ကျောက်ကြီးမြို့နယ်မှာဆိုရင် မုန်းမြို့ လူဦးရေ ၃၀၀ ကျော်နဲ့ ပညာရေးဝန်ထမ်းတွေ ဦးဆောင်ပြီး မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

ကျောက်တံခါးမြို့နယ်မှာတော့ ပဲနွယ်ကုန်းမြို့မှာ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အလွှာ အသီးသီးမှ ပြည်သူတွေနဲ့ တောင်သူဦးကြီးတွေကလည်း ထွန်စက်တွေနဲ့ ပါဝင်ကာ လူဦးရေ ၅၀၀၀ ကျော် ဆန္ဒပြ ခဲ့ကြပါတယ်။

ကျော်အောင်/ဗိုလ်သူရိန်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular