နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် တရားစွဲခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က အွန်လိုင်းကနေ ဗွီဒီယိုစနစ်နဲ့ ရုံးထုတ်ခဲ့ပါတယ်။
ရုံးထုတ်မှာ ကျန်းမာရေးအာမခံလျှောက်ထားခဲ့ပြီး ဆရာဝန်တစ်ဦးကို စစ်ဆေးခဲ့တယ်လို့ ဝန်ကြီးဦးမျိုးသစ်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးဆွေက ပြောပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ဖေဖော်ဝါရီ ၂၂ ရက်ရက်နေ့မှာ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းတွေကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အစိုးရသစ် ဖွဲ့စည်းပြီးချိန်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ တိုင်းဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးဦးမျိုးသစ်က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ က ထုတ်ပြန်ခဲ့ကာ အဲ့ဒီထုတ်ပြန်ချက်ကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။
Photo – Kaung Zaw Hein / MPA