A d v e r t i s e m e n t With Us

မြန်မာ့အရေး ဂျပန်လုံခြုံရေးဗျူရိုအကြီးအကဲနှင့် အမေရိကန်လုံခြုံရေးအကြံပေး ဆွေးနွေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဂျပန်အမျိုးသားလုံခြုံရေး ဗျူရိုအကြီးအကဲ မစ္စတာ ရှိဂဲရု ကီတာမူရာ (Shigeru kitamura) ဟာ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန် (Jake Sullivan) နဲ့ ဒီနေ့ မနက်အစောပိုင်းက တီလီဖုန်းနဲ့ ၄၅ မိနစ်လောက် ဆွေးနွေးခဲ့တယ်လို့ ဂျပန် အန်အိပ်ချ်ကေသတင်းက ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ နိုင်တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိန်းသိမ်းခံ အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ အခြေအနေနဲ့ အနာဂတ်တွေကို  အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနိုင်ငံတို့နဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွတ်ကြဖို့ သဘောတူထားတယ်လို့ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up