Home
မြန်မာသတင်း
ကျောက်မဲမြို့က RCSS/SSA ဆက်ဆံရေးရုံးတွင် မိုင်းဖောက်ခွဲမှု ဖြစ်ပွား
ခွန်ဇော်ဦး
·
February 18, 2021
151053996_2799214420335816_9090165365811499865_n
150934026_2799214457002479_7101946515320700213_n
151053996_2799214420335816_9090165365811499865_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် (၉)ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဆက်ဆံရေးရုံးမှာ ဒီကနေ့မနက် ၆ နာရီကျော်အချိန်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

CCTV မှတ်တမ်းအရ ဆိုင်ကယ်နဲ့ လူ ၂ ယောက်ဟာ ဒီကနေ့မနက် ၆ နာရီကျော်က  RCSS ဆက်ဆံရေးရုံးရှေ့ကို ရောက်လာပြီး ရုံးတံခါးရှေ့မှာ လက်လုပ်မိုင်းကိုချထားခဲ့ကာ လုပ်ကြံဖောက်ခွဲခဲ့တာ  ဖြစ်ပါတယ်။

ပေါက်ကွဲတာကြောင့် ရုံးတံခါး၊ အဆောက်အဦနဲ့ ခြံဝန်းအတွင်းမှာရပ်ထားတဲ့ ကား ၃ စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့တာလွဲရင် ဒဏ်ရာရသေဆုံးသူ မရှိဘူးလို့ သိရပါတယ်။

RCSS/SSA တပ်ဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ပြီး လက်ရှိမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024