DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပရဟိတအသင်းရုံးကို ရဲနှင့်စစ်တပ်က ပစ်ခတ်၊ လူငယ် ၁ ဦးဒဏ်ရာရ
DVB
·
February 18, 2021
မန္တလေးတွင် ပရဟိတအသင်းရုံးကို ရဲနှင့်စစ်တပ်က ပစ်ခတ်၊ လူငယ် ၁ ဦးဒဏ်ရာရ
1 / 2
Donate to DVB

မန္တလေး ဘူတာကြီးမှာ မနေ့ညက ရဲနဲ့ စစ်တပ်က ဝင်ရောက်ပစ်ခတ်ရာမှာ ဘူတာအနီးမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတဓါရီလူမှုကူညီရေးအသင်းရုံးကိုလည်း ပစ်ခတ်ခဲ့တာကြောင့် အသင်းဝင် လူငယ် တစ်ဦး ဒဏ်ရာရသွားပြီး ပရဟိတကား ၂ စီး ကျည်ဆန်ထိမှန်သွားပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့တွေက ဘူတာအပြင်ဘက် အုတ်နံရံကိုကျော်ပြီး ပစ်ခတ်ရာမှာ ပရဟိတ အသင်းဝင် တာဝန်ကျ အမျိုးသား ၁ ဦး ဒဏ်ရာရသွားပြီး ကား ၂ စီး ကျည်ဆန်ထိမှန်ခဲ့ပြီး တစ်စီးက  မှန်တွေကွဲသွားတယ်လို့ M Rescue အဖွဲ့ခေါင်းဆောင် ဦးခင်မောင်တင့်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကျနော်တို့က အုတ်တံတိုင်းဘေးမှာ ရှိနေတဲ့အခါကျတော့ ခေါင်းကိုဖော်မရဘူးပစ်တာ။ ကျနော့်ရုံးဘက်ကို ပစ်လို့တောင်မှာ ရုံးထဲကကားတွေလည်း မှန်ကွဲတယ်။ ကျနော့်ကလေးတွေလည်း ကျည်မှန်တယ်။ အသင်းရုံးထဲအထိ ပစ်တာ။ လောလောဆယ်သိတာတော့ ကျနော့်အသင်းကား မှန်ကွဲတယ်၊ ကျနော့်အသင်းက ကလေးတစ်ယောက် ပေါင်ကိုကျည်မှန်တယ်။ ရာဘာကျည်၊ ညက ဂျူတီကျတဲ့ ကလေး ”လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်မှုမှာ တာဝန်ရှိသူတွေ အားလုံးတာဝန်ယူရမှာဖြစ်တယ်လို့ ပရဟိတအဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

ည ၉ နာရီနဲ့ ၁၀ နာရီအကြားပစ်တာ ရထား ရထားသံလမ်းပိတ်ထားတဲ့  ဓာတ်မီးထိုးပြီး အမှောင်ထဲမှာ ပစ်တာ 

မန္တလေး ဘူတာကြီးက  ရထားတချို့ကို ခရီးသည် မပါဘဲ ပြေးဆွဲဖို့အတွက် စစ်တပ်က အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေတယ်လို့ သိရပြီး CDMလုပ်ဆောင်နေတဲ့ မီးရထား ဝန်ထမ်း စက်ဗိုလ်၊ နည်းပြတချို့ အပါအဝင် လေးဦးကို သေနတ်နဲ့ ထောက်ကာ ဖမ်းဆီးခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖြိုခွင်းမှုရှိလာပါက ကြိုတင်တားဆီးဖို့ အတွက်  ၇၈လမ်း ၃၃လမ်းထောင့်မှာလည်း ဆန္ဒပြသူတွေက လမ်းကို ပိတ်ဆို့ထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်အစိုးရကို အာခံဆန့်ကျင်တဲ့ အနေနဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေက  CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြနေတာကြောင့် စစ်အစိုးရရဲ့ ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013