Home
မြန်မာသတင်း
သာစည်ပြည်သူ့ဆေးရုံတွင် တပ်ဆရာဝန်နှင့် လုံခြုံရေးများ ရောက်ရှိနေ
DVB
·
February 16, 2021
150803420_3507715166034142_8649015225080886397_o
150609267_3507715216034137_2567598520164324420_o
150526431_3507714956034163_7463079909190306663_o
150472045_3507714989367493_8033940041600276548_o
150425364_3507715262700799_942487481647046371_o
149772108_3507715356034123_1915701798946564646_o
149351232_3507715316034127_6587228585121827126_o
149120283_3507715026034156_5951939409188504551_o

မန္တလေးတိုင်း သာစည်မြို့ ပြည်သူ့ဆေးရုံမှာ ဖေဖော်ဝါရီ ၁၅ ရက်က ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းအတော်များများ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတာကြောင့် တပ်ဆရာဝန်နဲ့ တပ်လုံခြုံရေးတွေ ရောက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အမိန့်အရ လာရတာပါတဲ့ ဆန္ဒပြလည်း ခံပါ့မယ်တဲ့။ ဆေးရုံကြီးပျက်စီးနေပြီ ဆိုပြီး သတင်းပေးလို့ လာခဲ့တာ၊ ဒီရောက်တော့ ဘာတစ်ခုမှ မပျက်စီးဘဲ အကောင်းအတိုင်း တွေ့ရတယ်ဆိုတာ ပြန်ပြောပြတယ်"လို့ ပြောပါတယ်။

သာစည်မြို့အတွက် သီးသန့်လုပ်ဆောင်ထားတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘယ်သူဆင်တဲ့ အကွက်ထဲကိုမှ မဝင်မိစေဖို့ ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့နည်းနဲ့ ကိုယ်လိုချင်တဲ့ ဆန္ဒ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီရရှီရေးသာ အဓိက ကျတာမို့ ဒေါသမရှိကြဖို့ဆိုတဲ့ ပြည်သူအချင်းချင်း ထိန်းသိမ်းတဲ့ ပို့စ်တွေလည်းတင်ထားတာ တွေ့နေရပါတယ်။

သာစည်မြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ ၄၀ ကျော် ရှိပြီး ဝန်ထမ်း တဝက်ကျော်လောက် CDM လှုပ်ရှားမှုမှာ  ပါဝင်လာကြပါတယ်။ ကျန်းမာရေးဝန်ထမ်း ၈၀ ကျော် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ-မောင်မောင်လင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024