Home
မြန်မာသတင်း
ညောင်လေးပင် ထွေအုပ်​ဝန်ထမ်း ၉ ဦးနှင့် ၃ နှစ်ကလေးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
February 16, 2021
150782572_2584682895157736_1619724980879285352_o

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ​မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနက ဝန်ထမ်း ၉ ဦး နဲ့ ၃ နှစ်အရွယ် မိန်းက​လေးတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ​မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

​ညောင်​လေးပင်​မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာနရုံးက ဝန်ထမ်းတချို့ အနံ့မရ တာ​​​​ကြောင့် ရုံးတက်​နေ​ကြတဲ့ ဝန်ထမ်းအပါအဝင် ရုံးအတွင်း​နေထိုင်​ကြသူ ၃၈ ယောက်ကို RTD Test Kid နဲ့ စစ်ဆေးရာမှာ ၁၀ ဦး ကိုဗစ်-၁၉ ပိုး​တွေ့ရှိခဲ့ပါ။

“ပထမ​တွေ့တာ ငါးယောက်၊ ​နောက်ထက်စစ်​ဆေးရာမှာ ဝန်ထမ်း​လေးယောက်နဲ့ ဝန်ထမ်း မိသားစုထဲက သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးမှာပါ ထပ်တွေ့တယ်။ ညောင်လေးပင်ဆေးရုံမှာပဲ ကုသမှာပါ၊ အရင်လို ဆေးရုံက မကျွေးတော့ဘူး။ ကိုယ့်စရိတ်ကိုယ်စားပြီး ကုသရမှာပါ” လို့ NLP Volunteer အဖွဲ့ဝင် ကိုငြိမ်းချမ်းက ပြောပါတယ်။

ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လော့ဒေါင်းချသွားမယ်လို့ သိရပါတယ်။

ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထွေအုပ်ဝန်ထမ်း ၁၇ ဦးဟာ အာဏာရှင်ဆန့်ကျင်ရေး CDM မှာ ပါဝင်နေပြီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​နော်မိုင်လှ​ကြည်က CDM မှာ ပါဝင်​​နေ​ကြတဲ့ ​ထွေအုပ်ဝန်ထမ်း​တွေကို တာဝန်က ယာယီရပ်ဆိုင်းတာတွေ ပြုလုပ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024