ယင်းမာပင်မြို့တွင် အာဏာသိမ်းစစ်အစိုးရကို စီး​တော်မြင်းများနှင့်အတူ ဆန္ဒပြ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့မှာ ​ဖေ​ဖော်ဝါရီ ၁၅ ရက်​နေ့ကပြုလုပ်တဲ့ အာဏာသိမ်းစစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ စီး​တော်မြင်းတွေနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေ ​ဒေသခံပြည်သူ​တွေ ​​စု​ပေါင်းပြီး ဆန္ဒထုတ်​ဖော်ခဲ့ကြတာပါ။

ဆန္ဒပြတဲ့သူ​တွေဟာ CDM မပါဝင်​သေးတဲ့ ရုံး​တွေ​ရှေ့မှာ လှည့်လည်ဆန္ဒပြခဲ့ကြသလို ယင်းမာပင်ခရိုင်ရုံး​ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ 

ထိုင်သပိတ် ပြုလုပ်ရာ​နေရာမှာ CDM ပါဝင်ထားကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြန်မာ ဝမ်​ပေါင်နဲ့ မြန်မာ ယန်စီအလုပ်သမား​တွေကလည်း ဟော​ပြောခဲ့ကြသလို CDM မပါဝင်​သေးတဲ့ ဝန်ထမ်း​တွေ CDM မှာပူး​ပေါင်းပါဝင်​ပေးဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာ ယင်းမာပင်မြို့နယ်မှာ ကျန်းမာ​ရေးဌာန၊ ပညာ​ရေးဌာန၊ စိုက်ပျိုး​ရေးဌာန၊ သစ်​တောဌာနနဲ့ အမျိုးသားဥယျာဉ်၊  စာရင်းစစ်ဌာ​န​တွေဟာ CDM ပါဝင်မှု အများဆုံးဖြစ်ပြီး ​မြေစာရင်းဌာန၊ စည်ပင်ဌာနစတဲ့ဌာန​တွေက အနည်းငယ်သာ CDM လှုပ်ရှားမှုမှာ ပါဝင်ပါတယ်။ ​ 

CDMမှာ မပါဝင်​သေးတဲ့ အ​​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ သမဦးစီးဌာန၊ လမ်းဦးစီးဌာန၊ အခွန်ဦးစီးဌာနတို့ပါဝင်ပြီး ကျန်ရှိ​နေတဲ့ရုံးဌာန​တွေကိုလည်း CDM မှာ ပါဝင်​ပေးဖို့ ​တောင်းဆိုခဲ့ ကြပါတယ်။

More News
Up