Home
မြန်မာသတင်း
ဘုတလင်မြို့ မြန်မာ့ပွားရေးဘဏ်ကို စစ်တပ်က ဝင်ရောက်
DVB
·
February 15, 2021
150351952_438928260757167_1082580912340888824_n
149782011_438928337423826_4383078138145755270_n
149449285_438928367423823_4168192743953491139_n
149263595_438928304090496_7932240197337065622_n
149214734_438928404090486_2156658974460080792_n

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့က မြန်မာ့စီးပွားရေးဘဏ်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လယ်က စစ်တပ်ကားတစ်စင်း ရောက်ရှိလာပြီး သံသေတ္တာတွေနဲ့ သယ်ထုတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘဏ်အတွင်းမှ သယ်ထုတ်လာတဲ့ သံသေတ္တာတွေကို  တပ်သားတွေက  ကားပေါ်သို့ သယ်ဆောင်နေတာကို တွေ့ရတယ်လို့လည်း  ဒေသခံတစ်ဦးကပြောပါတယ်။ 

“အတွင်းထဲကနေ သံသေတ္တာနဲ့ ဘာတွေသယ်နေကြလဲဆိုတာတော့ မသိရဘူး။ ကျနော့်အထင်ကတော့ ပိုက်ဆံလို့ ယူဆရတယ်။ ဒေသခံပြည်သူတွေကိုတော့ ညနေ ၄ နာရီအထိ ငွေလာထုတ်ခွင့်ပြုပေးထားတယ်။ အဲ့ဒီ ၄ ‌နာရီနောက်ပိုင်းတော့ ‌ကျန်ငွေတွေကို ဘာလုပ်မလဲ မသိရသေးဘူး။ အခုလည်း သူတို့ ရှိနေတုန်းပဲ” လို့ ‌ ပြောပါတယ်။

ဘုတလင်မြို့က CB ဘဏ်မှာလည်း စစ်တပ် ရောက်ရှိနေတာကို တွေ့ရတယ်လို့ မြို့ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ရန်ကုန်မှာလည်း စစ်တပ်ကနေ မြန်မာ့စီးပွားရေးဘဏ် (၁) နဲ့ (၂) တွေမှ ငွေထုတ်ယူသွားတာတွေရှိနေသလို ဧရာဝတီတိုင်း မြောင်းမြမြို့က မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ဝင်ရောက်စီးနင်းတာတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024