DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ရမန်ချုပ်ရက်ပြည့်
DVB
·
February 15, 2021
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  သမ္မတဦးဝင်းမြင့်တို့ ရမန်ချုပ်ရက်ပြည့်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချုပ်ရက် ရမန်ယူထားတာ ဒီနေ့ဖေဖော်ဝါရီ ၁၅ ရက်မှာ ရက်ပြည့်ပြီဖြစ်လို့ သက်သေအထောက်အထားနဲ့အကွ ရုံးတင်ရမှာဖြစ်ပြီး လုံလောက်တဲ့အထောက်အထား မတင်ပြနိုင်ဘူးဆိုရင် လွှတ်ပေးရမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေက ပြောပါတယ်။ 

ဒီကနေ့မနက် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ဒီအမှုနဲ့ ပတ်သက်လို့ ဆက်လက်ဆောင်ရွက်နေရာမှာ ပြည်သူလူထုတွေနဲ့ သတင်းသမားတွေက တရားရုံးရှေ့မှာ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ 

ရှေ့နေတွေ တရားရုံးထဲက ပြန်ထွက်လာမှာ အမှုနဲ့ပတ်သက်တဲ့ အခြေအနေ သိရမှာဖြစ်တယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်က ပြောပါတယ်။ 

သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေတရားစွဲဆိုထားတာ ဖြစ်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့  နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ဖေဖေါ်ဝါရီလ ၁ ရက်ကနေ  ၁၅ ရက်အထိ ချုပ်ရမန် ၁၄ ရက် ပေးထားတာပါ။

ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အထိ အတည်ပြုသတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်အမှတ်(၃၃)၊ ဦးဝင်းမြင့်ဟာ အိမ်အမှတ်(၂၉)၊ ဒေါက်တာမျိုးအောင်(နေပြည်တော် ကောင်စီဥက္ကဋ္ဌ) ဟာ အိမ်အမှတ်(၃၄)တို့မှာ ကျန်းမာစွာရှိနေကြတယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက အသိပေးထားပါတယ်။ 

သမ္မတဦးဝင်းမြင့်ဟာ စက်တင်ဘာ ၂၀ ရက်က ဒီချုပ်မဲဆွယ်ယာဉ်တန်းကို သမ္မတ အိမ်တော်ရှေ့ကနေ မိသားစုဝင် နှစ်ဦးနဲ့အတူ လက်ပြနှုတ်ဆက်ခဲ့တာကြောင့် ကိုဗစ်ကာလမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခံထားရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းခံရတဲ့မနက်က သူ့နေအိမ်ကို စစ်တပ်ကဝင်ရောက်ရှာဖွေရာမှာ အနီးကပ်လုံခြုံရေးအဖွဲ့ထံကနေ Icom စကားပြောစက်တွေတွေ့ရှိခဲ့တာကြောင့် ဆက်သွယ်ရေးပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းမှုနဲ့ တရားစွဲခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013