မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် အခြေအနေထက် ပိုလျော့သွားမယ့် ဘယ်အခြေအနေကိုမှ လက်မခံဘူးလို့ ဖိလစ်ပိုင်နိုင်ငံက ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျင်းပတဲ့ အထူးအစည်းအဝေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က ထုတ်ပြန်လိုက်တာပါ။
“ဖိလစ်ပိုင်အနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုအများကြီးရှိခဲ့တဲ့ status quo ante (နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာချက်မတိုင်မီ နိုင်ငံရေးအခြေအနေ) ကို အပြည့်အဝ ပြန်လည်ဖော်ဆောင်တာထက် ပိုမိုလျော့နည်းတဲ့ ဒါမှမဟုတ် တခြား ဘယ်အခြေအနေကိုမျှ လက်ခံနိုင်မှာ မဟုတ်ဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံးက ထုတ်ပြန်ထားပါတယ်။
ပြီးတော့ အခု ဒီမိုကရေစီအပြောင်းအလဲဟာ လူ့အခွင့်အရေးကောင်စီမှာဖြစ်ဖြစ်၊ နိုင်ငံခြား ဖြေရှင်းချက်တွေအားဖြင့်မဟုတ်ဘဲ ပြည်တွင်းအားထုတ်မှုတွေကြောင့် အဓိက ဖြစ်လာရမယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက မပါဝင်ခဲ့ပါဘူး။